PODCAST · society
The Generation of Resistance
by Struggling Generations
"The Generation of Resistance," our goal is to showcase the resounding voices of the younger generation who are resolutely battling for justice and transformative societal change through a multitude of approaches.With a particular focus on the Karenni regions, where our team's strengths predominantly lie, listeners will have the opportunity to hear from youths within Karenni who are contributing their voices to the ongoing struggle.
-
14
Burmese Podcast_Flirt Yinn Hluu_Interview with Founder Grace
‘ကျနော်တို့ တာ,စထွက်ကတည်းက တူတူသွားကြမယ်ဆိုပြီး တူတူသွားခဲ့တဲ့ခရီး တချို့တွေပြတ်ကျန်ခဲ့တယ်....တချို့တွေက အရင်လိုနေသားကျတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်။ သတိလေးကပ်ပြီး အာဏာရှင်တွေချုပ်ချယ်မှုကနေ ရုန်းထွက်လို့ရသေးတယ်။ ငါတို့အိမ်မက်တွေ မပြည့်သေးပါလား..၊နောက်ကလေးတွေအိမ်မယ်ဘယ်လိုဖြစ်လာမလဲဆိုတာ တွေးပြီး အာဏာရှင်ပြုတ်ကျရေးပွဲ အပြီးပါပေးကြပါလို့’ ဂရေ့စ်၊ Flirt Yinn Hluu ဖလစ်ရင်းလှူ ထောက်ပို့အဖွဲ့တည်ထောင်သူတွေထဲက တဦး ဖလစ်ရင်း (အကောင့်တခုခုကနေ မိမိ အကောင့် “မက်ဆင်ဂျာစကားပြောခန်း” ကို လာရောက်စကားပြောတာကို နားထောင်၊ ပြန်စကားပြောခြင်း)နဲ့ ရန်ပုံငွေ ကောက်ခံပေးနေတဲ့ လူငယ်တွေဦးဆောင်တဲ့ ထောက်ပို့ အဖွဲ့တဖွဲ့ရှိပါတယ်။ Flirt Yinn Hluu ဖလစ်ရင်းလှူ လို့ အမည်ရတဲ့ အဖွဲ့ပါ။ စကားပြောတာကို နားထောင်ပေး၊ ပြန်လည်စကားပြောပေးတဲ့ “ဖလစ်” တယ်လို့ ခေတ်ဗန်းစကားအရ လူငယ်တွေကြား ခေါ်လေ့ရှိတဲ့ လှုပ်ရှားမှု လုပ်တဲ့အဖွဲ့ပါ။ ၎င်းတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ၁ နာရီ စကားလာပြောမယ်ဆို ကျပ်ငွေ ၂၀၀၀ ကောက်ခံတဲ့ ဝန်ဆောင်မှုပါ။ ဒီဝန်ဆောင်မှုတွေကို လိုအပ်နေတဲ့ အဖွဲ့အစည်းအသီးသီးထံ ပို့ဆောင်ပြီး စားနပ်ရိက္ခာနဲ့ တခြားလိုအပ်ချက်များအတွက် ထောက်ပို့နေတဲ့အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လကတည်းက ဒီအဖွဲ့ကို တည်ထောင်ခဲ့တာဖြစ်ပြီး (၂)နှစ်တာကာလအတွင်း သိန်း (၃၀၀) ခန့်နီးပါး အညာဘက်နဲ့ ကရင်နီတကြော လိုအပ်တဲ့နေရာတွေဆီ ဆေးဝါးနဲ့ရိက္ခာ စသဖြင့် ထောက်ပံ့ပေးနိုင်ခဲ့ပြီလို့ ပြောပါတယ်။ “ကျနော်တို့ လူငယ်တွေမှာရှိသင့်တဲ့ အခွင့်အရေးတွေကို စစ်အာဏာရှင်က ချုပ်ချယ်တယ်လို့ ခံစားနေရလို့..၊ ဒီနေရာမှာဘာမလုပ်နဲ့ ဘာမလုပ်နဲ့... ဆိုပြီး တားဆီးပိတ်ပင်ခံနေရတာမကြိုက်ပါဘူး။ လမ်းပျောက်နေရာက တခုခုလုပ်မယ်ဆိုပြီး ဒီထောက်ပို့အဖွဲ့ကို စလုပ်ဖြစ်ခဲ့တယ်” ဂရေ့စ်၊ Flirt Yinn Hluu ဖလစ်ရင်းလှူ ထောက်ပို့အဖွဲ့တည်ထောင်သူတွေထဲက တဦး ဖလစ်တယ်လို့ ခေတ်ဗန်းစကားအရခေါ်တဲ့ ‘စကားပြောတာကို နားထောင်ပေး၊ ပြန်လည်စကားပြောပေးတဲ့’ လှုပ်ရှားမှုအပြင် ကောက်ညှင်းပေါင်းတပွဲ၊ သနပ်ခါးတုံး စသည်ဖြင့် ရောင်းချပေးတဲ့ လှုပ်ရှားမှုတွေလည်း လုပ်နေပါတယ်။ မိမိချစ်ခင်နှစ်သက်သူ တဦးဦးရဲ့ ဖေ့ဘွတ်အကောင့်ကိုပြပြီး အကောင့်ပိုင်ရှင်အတွက် ကောက်ညှင်းပေါင်းဓာတ်ပုံ သို့မဟုတ် သနပ်ခါး စသည်ဖြင့် ဒစ်ဂျစ်တယ်ဓာတ်ပုံလက်ဆောင် ပေးပို့တဲ့ ဝန်ဆောင်မှုပုံစံမျိုးပါ။ သူတို့ရဲ့ ဆန်းသစ်တဲ့ ဒစ်ဂျစ်တယ်ထောက်ပို့နည်းလမ်းတွေအကြောင်း အကျယ်တဝင့်ကို ရုန်းကန်မှုနဲ့တို့မျိုးဆက် Podcast က မေးမြန်းကြည့်ထားပါတယ်။ Youtube: https://youtube.com/@TheGenerationofResistance?si=trZ5VgnJjuluqO-P Spotify: https://open.spotify.com/show/44xjYJXAxyZsu2wPVJEkDe Apple Podcast: https://podcasts.apple.com/us/podcast/the-generation-of-resistance/id1707996187 Google Podcast: https://podcasts.google.com/feed/aHR0cHM6Ly9hbmNob3IuZm0vcy9lNjY0ZWE3NC9wb2RjYXN0L3Jzcw #podcast #myanmar #burmese #youth #revolution #karenni #rakhine #youtubevideo #politics #politicalupdates #mediaonenews #broadcast #activists #insightmyanmar #socialcohesion #interview #anti-juntasmovement #nodiscrimination #humanitarianwork #humanitarinaids #လူငယ် #ရုန်းကန် #စစ်အာဏာရှင်ဆန့်ကျင်ရေး #တော်လှန်ရေး #ကရင်နီ #လူမှုသဟဇာတ #လူသားချင်းစာနာထောက်ထားမှုအကူအညီ #podcastchannel #talkshow #interview #myanmarcoup #myanmarmilitary #springrevolutionmyanmar #whatshappeninginmyanmar
-
13
Burmese Podcast ၊GoR Podcast_TalkwithMobyeWomanFighter
Burmese Podcast ၊GoR Podcast_TalkwithMobyeWomanFighter "ကျမတို့ ကယန်းဒေသမှာ ဘယ်လိုမျိုးလဲဆို. အမျိုးသမီးတယောက်က သေနတ်ကိုကိုင်လိုက်ရင် သေနတ်က လာဘ်ပိတ်တတ်တယ်၊ မိန်းကလေးတွေ ဓမ္မတာလာချိန် ရဲဘော်တွေနဲ့အတူ စားရင် မကောင်းဘူးဆိုတဲ့ ယူဆမှုတွေရှိခဲ့တယ် ဒါတွေတော့ ရင်ဆိုင် ကျော်ဖြတ်ခဲ့ရ.... " ဒီလိုပြောလာသူက မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၂)က အမျိုးသမီးစုမှူး ဂျူးလစ်ပါ။ Youtube: https://youtube.com/@TheGenerationofResistance... Spotify: https://open.spotify.com/show/44xjYJXAxyZsu2wPVJEkDe Apple Podcast: https://podcasts.apple.com/.../the.../id1707996187 Google Podcast: https://podcasts.google.com/.../aHR0cHM6Ly9hbmNob3IuZm0vc... #podcast #myanmar #burmese #youth #revolution #karenni #rakhine #youtubevideo #politics #politicalupdates #mediaonenews #broadcast #activists #insightmyanmar #socialcohesion #interview #anti-juntasmovement #nodiscrimination #humanitarianwork #humanitarinaids #လူငယ် #ရုန်းကန် #စစ်အာဏာရှင်ဆန့်ကျင်ရေး #တော်လှန်ရေး #ကရင်နီ #လူမှုသဟဇာတ #လူသားချင်းစာနာထောက်ထားမှုအကူအညီ #podcastchannel #talkshow #interview #myanmarcoup #myanmarmilitary #springrevolutionmyanmar၄
-
12
GoR Podcast_Why Non-Violence Wings Matter_Ko Nan Lin_
GoR Podcast_Why Non-Violence Wings Matter_Ko Nan Lin_ "မြို့ပေါ်မှာရှိနေတဲ့ လူထုတိုင်းကိုလည်း ကျနော်တို့ ဘယ်လို စခဲ့ကြလဲ၊ ဘာကြောင့် တော်လှန်ရေး စခဲ့ကြသလဲ ဆိုတာ ပြန်အောက်မေ့ကြစေချင်တယ်။ အဲ့တုန်းကရှိခဲ့တဲ့ အင်အားတွေ ခွန်အားတွေက ပုံစံအမျိုးမျိုးပြောင်းသွားနိုင်တာရှိပေမယ့်......." လူထုလှုပ်ရှားမှု တိုက်ပွဲဘာကြောင့်ဆက်လုပ်နေတာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ၊ စစ်တပ်ကို ဘယ်လိုဖိအားပေးနိုင်နေလဲ? ဆိုတာတွေကို ရုန်းကန်မှုနဲ့တို့မျိုးဆက် Podcast ကနေ တဆင့် မြေပြင်သပိတ်လူငယ်ခေါင်းဆောင် ကိုနန်းလင်းက ဆွေးနွေးပေးထားပါတယ်။ Youtube: https://youtube.com/@TheGenerationofResistance... Spotify: https://open.spotify.com/show/44xjYJXAxyZsu2wPVJEkDe Apple Podcast: https://podcasts.apple.com/.../the.../id1707996187 Google Podcast: https://podcasts.google.com/.../aHR0cHM6Ly9hbmNob3IuZm0vc... #podcast #myanmar #burmese #youth #revolution #karenni #rakhine #youtubevideo #politics #politicalupdates #media #broadcast #activists #insightmyanmar #socialcohesion #interview #anti-juntasmovement #nodiscrimination #humanitarianwork #humanitarinaids #လူငယ် #ရုန်းကန် #စစ်အာဏာရှင်ဆန့်ကျင်ရေး #တော်လှန်ရေး #ကရင်နီ #လူမှုသဟဇာတ #လူသားချင်းစာနာထောက်ထားမှုအကူအညီ #whatshappeningnowinmyanmar
-
11
Burmese Podcast|Air-strike related trauma| Interview with the Psychologist K
Burmese Podcast|Air-strike related trauma| Interview with the Psychologist K "ဒီလိုတွေကြုံရတာကို စိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှုဒဏ်လို့ ကျမတို့ ခေါ်ပါတယ်။ ကိုယ့်ကိုကိုယ် ဒီလိုတွေခံစားနေရတာကို ဘယ်လိုသိနိုင်မလဲဆိုတော့ 'သူအရင်လိုဟုတ်သေးရဲ့လား၊ ငါအရင်လိုဟုတ်သေးရဲ့လား?' " ဆိုတာကို ........ မြန်မာနိုင်ငံရဲ့ ပြည်နယ်အနှံ့အပြားမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ခုခံတော်လှန်စစ်ပွဲ အများအပြား ဖြစ်ပွားနေပါတယ်။ ဒီလို စစ်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဟာ လေကြာင်းအင်အားအလွန်အကျူးသုံးစွဲပြီး စာသင်ကျောင်း၊ ဘုရားကျောင်းများနှင့် အရပ်သားရွာတွေပါမကျန် ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။ စစ်ပွဲဖြစ်ပွားမှုပြင်းထန်လေ့ရှိတဲ့ ကရင်နီပြည်နယ်မှာဆိုရင် တရက်တည်းနဲ့တင် အကြိမ်ရေ (၄၀) ဝန်းကျင်ခန့် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရလေ့ရှိတယ်လို့ ဒေသခံ ကာကွယ်ရေးအင်အားစုတွေက ဆိုပါတယ်။ အရပ်သားပစ်မှတ်တွေပါ ထိခိုက်ခံစားရလေ့ရှိတဲ့ ဒီလို လေယာဉ်ဗုံးကြဲမှုနောက်ဆက်တွဲ လူထု စိတ်ကျန်းမာရေးဆိုင်ရာ လက္ခဏာတွေနဲ့ ကုစားနိုင်မယ့်နည်းလမ်းတွေအကြောင်း 'စိတ်ပညာရှင် K' နဲ့ Signal Call ကနေ တဆင့် ရုန်းကန်မှုနဲ့တို့မျိုးဆက် Podcast က မေးမြန်းထားပါတယ်။ ဒီ Podcast ကို လာမယ့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ ည (၈း၃၀) နာရီမှာ ဒီစာမျက်နှာကနေ တင်ပေးသွားပါမယ်။ Spotify: https://open.spotify.com/show/44xjYJX... Apple Podcast: https://podcasts.apple.com/us/podcast... Google Podcast: https://podcasts.google.com/feed/aHR0... ... #podcast #myanmar #burmese #youth #revolution #karenni #rakhine #youtubevideo #politics #politicalupdates #mediaonenews #broadcast #activists #insightmyanmar #socialcohesion #interview #anti-juntasmovement #nodiscrimination #humanitarianwork #humanitarinaids #လူငယ် #ရုန်းကန် #စစ်အာဏာရှင်ဆန့်ကျင်ရေး #တော်လှန်ရေး #ကရင်နီ #လူမှုသဟဇာတ #လူသားချင်းစာနာထောက်ထားမှုအကူအညီ #podcastchannel #talkshow #interview #myanmarcoup #myanmarmilitary #springrevolutionmyanmar၄
-
10
Burmese Podcast| Free Mobile Training School for IDPs| Interview with the Founder| Part 2
Burmese Podcast| Free Mobile Training School for IDPs| Interview with the Founder| Part2 ရဲဘော်သော်လည်းကောင်း၊ စစ်ရှောင်သော်လည်းကောင်း သင်ယူချင်သူမည်သူမဆို လူသားတိုင်းအတွက်..လိုအပ်နေသူတိုင်းအတွက် ပြည်နယ်၊ အသက်အရွယ်၊ လူမျိုး ပိုင်းခြားချက်မရှိသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးနေတဲ့ ကျောင်းအမည်က Drop of Change (Doc) ရွေ့လျားသင်တန်းကျောင်းပါ။ လက်ရှိ ကရင်နီ (ကယားပြည်) ဒေသအနှံ့အပြားမှာ ဖွင့်လှစ် သင်ပေးနေပါတယ်။ DoC အခမဲ့ စစ်ရှောင် ရွေ့လျားပညာရေးသင်တန်းကျောင်း တည်ထောင်သူနဲ့ ကျောင်းအုပ်ဖြစ်တဲ့ ဆရာမ မြတ်မိုးသူကို ရုန်းကန်မှုနဲ့တို့မျိုးဆက် Podcast က သွားရောက်တွေ့ဆုံ စကားပြောဖြစ်ပါတယ်။ Spotify: https://open.spotify.com/show/44xjYJX... Apple Podcast: https://podcasts.apple.com/us/podcast... Google Podcast: https://podcasts.google.com/feed/aHR0... ... #podcast #myanmar #burmese #youth #revolution #karenni #rakhine #youtubevideo #politics #politicalupdates #mediaonenews #broadcast #activists #insightmyanmar #socialcohesion #interview #anti-juntasmovement #nodiscrimination #humanitarianwork #humanitarinaids #လူငယ် #ရုန်းကန် #စစ်အာဏာရှင်ဆန့်ကျင်ရေး #တော်လှန်ရေး #ကရင်နီ #လူမှုသဟဇာတ #လူသားချင်းစာနာထောက်ထားမှုအကူအညီ #podcastchannel #talkshow #interview #myanmarcoup #myanmarmilitary #springrevolutionmyanmar #whatshappeninginmyanmar #generationofresistancemyanmar
-
9
Burmese Podcast| Free Mobile Training School for IDPs| Interview with the Founder| Part1
Burmese Podcast| Free Mobile Training School for IDPs| Interview with the Founder| Part1 ရဲဘော်သော်လည်းကောင်း၊ စစ်ရှောင်သော်လည်းကောင်း သင်ယူချင်သူမည်သူမဆို လူသားတိုင်းအတွက်..လိုအပ်နေသူတိုင်းအတွက် ပြည်နယ်၊ အသက်အရွယ်၊ လူမျိုး ပိုင်းခြားချက်မရှိသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးနေတဲ့ ကျောင်းအမည်က Drop of Change (Doc) ရွေ့လျားသင်တန်းကျောင်းပါ။ လက်ရှိ ကရင်နီ (ကယားပြည်) ဒေသအနှံ့အပြားမှာ ဖွင့်လှစ် သင်ပေးနေပါတယ်။ DoC အခမဲ့ စစ်ရှောင် ရွေ့လျားပညာရေးသင်တန်းကျောင်း တည်ထောင်သူနဲ့ ကျောင်းအုပ်ဖြစ်တဲ့ ဆရာမ မြတ်မိုးသူကို ရုန်းကန်မှုနဲ့တို့မျိုးဆက် Podcast က သွားရောက်တွေ့ဆုံ စကားပြောဖြစ်ပါတယ်။ Spotify: https://open.spotify.com/show/44xjYJX... Apple Podcast: https://podcasts.apple.com/us/podcast... Google Podcast: https://podcasts.google.com/feed/aHR0... ... #podcast #myanmar #burmese #youth #revolution #karenni #rakhine #youtubevideo #politics #politicalupdates #mediaonenews #broadcast #activists #insightmyanmar #socialcohesion #interview #anti-juntasmovement #nodiscrimination #humanitarianwork #humanitarinaids #လူငယ် #ရုန်းကန် #စစ်အာဏာရှင်ဆန့်ကျင်ရေး #တော်လှန်ရေး #ကရင်နီ #လူမှုသဟဇာတ #လူသားချင်းစာနာထောက်ထားမှုအကူအညီ #podcastchannel #talkshow #interview #myanmarcoup #myanmarmilitary #springrevolutionmyanmar #whatshappeninginmyanmar #generationofresistancemyanmar
-
8
Interview with Karenni Ranger "Kyaw Zay Ya"
တကယ်လိုအပ်နေတဲ့နေရာမှာ တကယ်လိုအပ်နေသူတွေကို ကူညီနိုင်တဲ့အခွင့်အရေးက နည်းနည်းနောနော အခွင့်အရေးမဟုတ်ဘူး။ သူတို့ဝမ်းသာစကားဆိုသံမှာ ငိုသံတွေပါ၊ ပါနေတာ ခံစားရပြီး လူသားဆန်မှုအရသာ၊ လူသားတွေကိုကူညီပေးနိုင်မှု တကယ့် အဓိပ္ပာယ်ကို ခံစားလိုက်မိရာက တော်လှန်ရေးထဲ ခြေစုံပစ်ဝင်လာသူ။ ဒါ့အပြင် ကရင်နီ (ကယား) ဒေသတကြောက ရှေ့တန်းစစ်မျက်နှာပြင်တွေထိပါ သွားရောက်ပြီး စစ်မြေပြင်ကယ်ဆယ်ကုသရေးလုပ်ပေးနေသူက စစ်ကိုင်းမှာမွေးဖွားခဲ့သူ ကိုအောင်ဇေယျပါ။ သူကိုယ်တိုင် ရှေ့တန်းစစ်မျက်နှာပြင်မှာ ဆွဲကူခဲ့သူ လူနာပေါင်း ၆၀ ကနေ ၁၀၀ ကြား ရှိပါတယ်။ ဒီလူနာတွေရဲ့ အော်ညည်းသံတွေကြားရရင် လူ့ငရဲကို ခေတ္တခဏရောက်သွားရသလို ဘာမှဆက်မလုပ်ချင်လောက်အောင်ခံစားရတာတွေ ထရော်မာတွေ (စိတ်ဒဏ်ရာတွေ) ရှိခဲ့ပေမယ့် တော်လှန်ရေးအတွက် ပြန်လည်ရုန်းထခဲ့သူ လူငယ်တဦးပါ။ သူဟာ Freelance Volunteers Myanmar အဖွဲ့အစည်းအနေနဲ့လည်း စစ်ရှောင်ကူညီကယ်ဆယ်ရေးနဲ့ တော်လှန်ရေးအတွက်လိုအပ်တဲ့ ရန်ပုံငွေ ရှာဖွေရေးတွေလည်း ဆောင်ရွက်နေသူပါ။ ကရင်နီ (ကယား) စစ်မျက်နှာပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းများကို Free Burma Ranger နှင့်အတူ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေယာဉ်တိုက်ခိုက်ခံရမှုတွေကြား စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ကရင်နီရိန်းဂျား ကိုအောင်ဇေယျနဲ့ ရုန်းကန်မှုနဲ့ တို့မျိုးဆက် Podcast က မေးမြန်းခွင့်ရခဲ့ပြီး အခုလိုပဲ တင်ဆက်ပေးလိုက်ပါတယ်။
-
7
Interview with Josephine (The Generation of Resistance Podcast)
"ပထမက အာဏာမသိမ်းခင်တုန်းကဆိုရင် (၅)နှစ်ကလေးအတွေးပဲရှိခဲ့တာပေါ့။ ဘာမှမသိဘူး။ ဒါပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပထမဆုံး ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ပေါ့။ ပြီးတော့ တော်လှန်ရေးးအတွက်ကာကွယ်ရေးထဲဝင်တယ်။ ......."ဂျိုစဖင်း(ခ)စနိုက်ပါမ(တိုက်ခိုက်ရေးရဲမေ)ဂျိုစဖင်းနဲ့နွေဉီးပန်းဝါတို့ရဲ့ စကားဝိုင်းကို နားဆင်နိုင်ပါပြီ။ Facebook: https://www.facebook.com/profile.php?id=100095583420811 Spotify:https://open.spotify.com/show/44xjYJXAxyZsu2wPVJEkDeApple Podcast: https://podcasts.apple.com/us/podcast/the-generation-of-resistance/id1707996187 Google Podcast: https://podcasts.google.com/feed/aHR0cHM6Ly9hbmNob3IuZm0vcy9lNjY0ZWE3NC9wb2RjYXN0L3Jzcw
-
6
Interview with Daw Thiri Su Aung(Human Rights Researcher)
တာဝန်ယူမှု တာဝန်ခံမှုရှိသော ဂုဏ်သိက္ခာရှိသော ခုခံမှု ဆိုတာ ဘာလဲ? ဘာကြောင့်လိုအပ်တာလဲ? Guest - ဒေါ်သီရိဆုအောင် (လူ့အခွင့်အရေးသုတေသီ)၊ Host - နွေဦးပန်းဝါ
-
5
Karreni Dream Interview with "Khun Bedu-Chairman of KNDF"
“အာဏာရှင်အောက်မှာပဲ နစ်မြောသွားမယ်၊ လက်ခံလိုက်မယ်ဆိုရင် သေချာတာကတော့ကျနော်တို့မျိုးဆက်တွေ အနာဂတ်တလေ ျှာက်လုံးမှာ လွတ်လပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ တန်းတူညီမ ျှမှုတွေဟာ အာဏာရှင်လက်အောက်မှာ စနစ်ဆိုးအောက်မှာ ကျသွားလိမ့်မယ်။ အရမ်းဆိုးဝါးတဲ့ စနစ်အောက်မှာ ကျနော်တို့ ရောက်သွားခဲ့ရင် အဲဒီ စနစ်ကို ပြန်ဖြိုဖို့ဟာ လွယ်မှာမဟုတ်ဘူး။ အခု အရှိန်ကောင်းတုန်း.. တချို့သောဒေသတွေမှာ အောင်မြင်မှုတွေရတုန်း တယောက်နဲ့ တယောက် ဖလှယ်ရအောင်။ ဒါဟာ အားလုံးရဲ့အောင်မြင်မှုဖြစ်တယ် ကရင်နီမှာနေသူပဲဖြစ်ဖြစ်၊ ရန်ကုန်၊ ပဲခူးကပဲဖြစ်ဖြစ်ပါ အားလုံး အတူတူအကောင်အထည်ဖော်ကြရအောင်” ဒီအကြောင်းတွေအပါအဝင် ကရင်နီအိမ်မက်ကို အကျယ်တဝင့်သိချင်တယ်ဆိုရင်တော့ အခု Podcast လင့်ခ်ကို နှိပ်ပြီး အပြည့်အစုံ နားဆင်လို့ရပါပြီ
-
4
Generation of Resistance Episode 1.2|What detrimental effects have social media narratives or discourses had on Northern Rakhine communities? What experiences did I encounter?
Since before the recent 2021 coup, starting in 2017, I have lived within both Muslim and Rakhine communities in the Northern Rakhine State. I was involved in the humanitarian relief work. Today, I will be sharing an audio narration named "People who did not cross the territorial boundary". Through this podcast, you will hear about the stories of people who did not cross the borderline and were left behind. I took a trip of my own across the border because I was curious about the horrifying experiences people had during their journey across the border. The details in the story I am about to tell are from my own experiences I gained by taking personal risks. I only have one wish. That is to create a beautiful society where people value diversity and work together to bring peace. With this wish in mind, I made this podcast and named it "People who didn't cross the territorial boundary". In Rakhine State, where there are magnificent mountains, streams and the lives of local people, there are also diverse traditions and customs, clothing, food, and languages. I believe that there is some beauty within those diversities. This place has witnessed a lot of problems mostly brought on by intolerance between people, therefore I often wonder how I can present and make everyone aware of its diversity and beauty. The problems are also due to the failure of the government to intervene and manage the situation. The main reason why I started creating this audio narration is that diversity is the most beautiful and humanistic aspect of society and I believe that this is a way to share my experiences. I want to start by asking, "Do we not need to have an understanding of people in order to solve the problems?" I firmly believe that the only way we can effectively address various issues on the ground is if we comprehend individuals and their circumstances. I first would like to talk about the Rohingya community. The Rohingya have resided in Myanmar for more than one generation, despite the fact that the majority of people think and accept them to be immigrants from other countries or people who entered the country illegally. A belief does not have to do with a person's race. People are equal as humans from birth. Nobody's beliefs were a factor in their birth. Doesn't the government provide protection to anyone using their passports to enter the country? It must respect their culture, doesn't it? In the following weeks, I will talk about the people who risked their lives to cross the border. I hope you look forward to it.
-
3
Generation of Resistance Episode 1.1|
What detrimental effects have social media narratives or discourses had on Northern Rakhine communities? What experiences did I encounter? "ဆိုရှယ်မီဒီယာပေါ်က ပုံဖော်မှု သို့မဟုတ် ဇာတ်ကြောင်းတွေဟာ ရခိုင်မြောက်ပိုင်းမှာ ဘယ်လို ဆိုးရွားစွာသက်ရောက်မှုရှိခဲ့လဲ၊ ကျနော်ကိုယ်တိုင်ဘာတွေကြုံတွေ့ခဲ့ရလဲ?" ထုတ်လုပ်ရေးမှူးများ - Jaz Awng၊ နွေဦးပန်းဝါ၊ ကိုထက်။ ဘာသာပြန် - Jaz
-
2
Generation of Resistance Episode 1’s Intro | နယ်နိမိတ်မျဉ်းကိုမဖြတ်ကျော်ခဲ့ကြသူများ Podcast နောက်ကွယ်ကစိတ်ကူးစိတ်သန်းများ
Since before the recent 2021 coup, starting in 2017, I have lived within both Muslim and Rakhine communities in the Northern Rakhine State. I was involved in the humanitarian relief work. Today, I will be sharing an audio narration named "People who did not cross the territorial boundary". Through this podcast, you will hear about the stories of people who did not cross the borderline and were left behind. I took a trip of my own across the border because I was curious about the horrifying experiences people had during their journey across the border. The details in the story I am about to tell are from my own experiences I gained by taking personal risks. I only have one wish. That is to create a beautiful society where people value diversity and work together to bring peace. With this wish in mind, I made this podcast and named it "People who didn't cross the territorial boundary". In Rakhine State, where there are magnificent mountains, streams and the lives of local people, there are also diverse traditions and customs, clothing, food, and languages. I believe that there is some beauty within those diversities. This place has witnessed a lot of problems mostly brought on by intolerance between people, therefore I often wonder how I can present and make everyone aware of its diversity and beauty. The problems are also due to the failure of the government to intervene and manage the situation. The main reason why I started creating this audio narration is that diversity is the most beautiful and humanistic aspect of society and I believe that this is a way to share my experiences. I want to start by asking, "Do we not need to have an understanding of people in order to solve the problems?" I firmly believe that the only way we can effectively address various issues on the ground is if we comprehend individuals and their circumstances. I first would like to talk about the Rohingya community. The Rohingya have resided in Myanmar for more than one generation, despite the fact that the majority of people think and accept them to be immigrants from other countries or people who entered the country illegally. A belief does not have to do with a person's race. People are equal as humans from birth. Nobody's beliefs were a factor in their birth. Doesn't the government provide protection to anyone using their passports to enter the country? It must respect their culture, doesn't it? In the following weeks, I will talk about the people who risked their lives to cross the border. I hope you look forward to it.
-
1
ရုန်းကန်မှုနဲ့တို့မျိုးဆက်Podcastကနေ ဘယ်လိုအကြောင်းရာတွေကြားရမှာလဲ?
[English version below] မင်္ဂလာပါ ရုန်းကန်မှုနဲ့ တို့မျိုးဆက် Podcast ကပါ။ ဒီပေါ့ကတ်စ်ကို ကျမ နွေဦးပန်းဝါနဲ့ ကျနော် ကိုထက်တို့က ပူးတွဲတင်ဆက် ထုတ်လုပ်ပေးသွားမှာပါ။ ကိုထက်: ခေတ်အဆက်ဆက်မှာ လူငယ်တွေဟာ မတရားမှုကို ငုံ့မခံဘဲ ၎င်းတို့နေထိုင်ရာ အသိုက်အဝန်း၊ ခေတ်နဲ့စနစ်ကို ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ပါတယ်။ ၁၉ ၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်ကစတင်လို့ မျက်မှောက်ခေတ်၂၀၂၁ စစ်အာဏာသိမ်းကာလအတွင်း ငြိမ်းချမ်းသောနည်းလမ်းများနှင့်သာမကလက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းကာလထိတိုင် ပေးဆပ်ခဲ့တဲ့ အသက်နဲ့ဘဝတွေများစွာထဲ လူငယ်ထု အရေအတွက်ဟာ ရာခိုင်နှုန်းအားဖြင့် အတော်များများ ပါဝင်ခဲ့၊ပါဝင်နေဆဲပါ။ အခု ‘ရုန်းကန်မှုနဲ့တို့မျိုးဆက်’ အမည်နဲ့ Podcast ကနေ အကြောင်းအရာtheme ၂ ခု ကြားရဖို့ရှိပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီလုပ်ခဲ့တဲ့ လူငယ်တယောက် ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဲဒီဒေသ အနေအထားတွေနဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတဲ့ လူနည်းစုလူ့အဖွဲ့အစည်းက လူတွေရဲ့ အသက်ရှင်သန်ဖို့ ရုန်းကန်ရမှုအကြောင်းတွေကိုတော့ ပကတိအရှိတရားအတိုင်း ကျနော် ကိုထက်က မိုနိုလော့ခ်ပုံစံနဲ့ ထုတ်လုပ် တင်ဆက်သွားမှာပါ။ နွေဦးပန်းဝါ: ဟုတ်ကဲ့ပါ ကျမ နွေဦးပန်းဝါကတော့ ခေတ်နဲ့စနစ် ပြုပြင်ပြောင်းလဲရေးနဲ့တရားမျှတမှုရရှိရေး တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး မျိုးဆက်တွေအကြောင်း၊ သူတို့ရဲ့ပုံရိပ်လွှာ အသီးသီးကို တွေ့ဆုံမေးမြန်းတဲ့ ပုံစံနဲ့ တင်ဆက် ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ Podcast ထုတ်လုပ်သူများ လက်လှမ်းမှီရာဒေသဟာ ကရင်နီ (ကယားပြည်) အခြေပြုအများဆုံးဖြစ်တာမို့ ကရင်နီ(ကယားပြည်နယ်)က ရုန်းကန်နေကြတဲ့ မျိုးဆက်တွေရဲ့အသံနဲ့ ရုပ်ပုံလွှာတွေ အများဆုံး နားဆင်ကြရဖို့ ရှိပါတယ်။ တနိုင်ငံလုံးအတိုင်းအတာကလူငယ် မျိုးဆက်တွေရဲ့ အသံကိုလည်း ကြိုးစားတင်ဆက်ပေးသွားဦးမှာပါ။ ဒီ ပေါ့ကတ်စ်ကို ဘယ်နေရာတွေကနေ နားထောင်လို့ရမလဲ ကိုထက်ရေ ကိုထက်: ကျနော်တို့ရဲ့ ပေါ့ကတ်စ်ကို Apple podcast/ Google podcast/ Spotify နဲ့ ကျနော်တို့ရဲ့ The Generation of Resistance ဖေ့ဘွတ်ပေ့ချ် ချယ်နယ်လ်တွေကနေနားထောင်နိုင်မှာ ဖြစ်ပါတယ်။ လစဉ် ပေါ့ကတ်စ်အပိုင်းသစ် ၂ ပိုင်းကို ပုံမှန် တင်ဆက် ထုတ်လုပ်ပေးသွားမှာဖြစ်လို့ ကျနော်တို့ရဲ့ ချယ်နယ်လ်တွေကို Like and Follow လုပ်ထားပေးကြပါဦးလို့ဖိတ်ခေါ်ပါရစေ။ Both: Mingalar Par! Greeting from the "Generation of Resistance" podcast. We, Nway Oo Pan Wah (NOPW) & Ko Htet are going to be produced and presented this podcast jointly. Ko Htet: In every era, young individuals rise against injustice, fearlessly immersing themselves in movements aimed at reshaping their societies and dismantling oppressive systems. In Myanmar, from the upheaval in 1962 to the most recent coup in 2021, a significant segment of the youth population has actively engaged in nonviolent campaigns and armed uprisings, displaying unwavering dedication by putting their blood and lives on the line. From the "The struggle/ resistance of our generation" episode, you'll hear two themes. This will be a monologue in which I will discuss my personal encounters with human rights abuses and the fight of minority communities in Northern Rakhine against prolong oppression. NOPW: I, Nway Oo Pann Wah, will talk about the current generation of revolutionaries who are fighting for achieving justice and regime change. Since the Karenni State is more reachable for the podcast production team, there are voices and stories of the generation there. We will also try our best to broadcast the voices and stories of the youths across the country. Where can we get access to this podcast channel, Ko Htet? Ko Htet: You could listen our podcasts on our Facebook page titled “The Generation of Resistance”, Apple and Google podcasts and via Spotify channel respectively. I’d like to invite to click 'Like & Subscribe' towards the respective channels as we will be presenting 2 new episodes as the monthly basics. Youtube: https://youtube.com/@TheGenerationofResistance?si=trZ5VgnJjuluqO-P Spotify: https://open.spotify.com/show/44xjYJXAxyZsu2wPVJEkDe Apple Podcast: https://podcasts.apple.com/us/podcast/the-generation-of-resistance/id1707996187 Google Podcast: https://podcasts.google.com/feed/aHR0cHM6Ly9hbmNob3IuZm0vcy9lNjY0ZWE3NC9wb2RjYXN0L3Jzcw
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
"The Generation of Resistance," our goal is to showcase the resounding voices of the younger generation who are resolutely battling for justice and transformative societal change through a multitude of approaches.With a particular focus on the Karenni regions, where our team's strengths predominantly lie, listeners will have the opportunity to hear from youths within Karenni who are contributing their voices to the ongoing struggle.
HOSTED BY
Struggling Generations
Loading similar podcasts...