Let’s Get Relaxed

PODCAST · health

Let’s Get Relaxed

ကိုယ့်ရဲ့စိတ်ကို အနားပေးရင်း အားပြန်ဖြည့်နိုင်ဖို့ စိတ်ကို အနားရစေတဲ့ လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။ စိတ်အဆင်မပြေမှုအမျိုးမျိုးအတွက် သင့်လျော်ရာလေ့ကျင့်ခန်းကိုရွေးနားထောင်နိုင်ပါတယ်။ စိတ်ရောကိုယ်ပါအေးချမ်းကြပါစေ။

  1. 66

    Progressive Muscle Relaxation

    ကြွက်သားများကို တင်းမာအောင် တောင့်ထားပြီးပြန်လျော့ပေးခြင်းအကျိုးကျေးဇူးအိပ်ပျော်စေခြင်းစိုးရိမ်မှုကိုလျော့ချပေးခြင်းကြွက်သားများ အနားရပြီး ညောင်းညာပြေစေခြင်း

  2. 65

    အိပ်စက်ခြင်းနဲ့ စိုးရိမ်ကြောင့်ကျမှု Emotional Support Session Series 11/25

    အိပ်စက်ခြင်းနဲ့ စိုးရိမ်ကြောင့်ကျမှုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းဟာကျွန်တော်တို့ရဲ့ဘဝတစ်နေ့တာကို ခွန်အားတွေအဖြစ်ပြောင်းလဲပေးပါတယ်။ အိပ်ရေးဝ၀အိပ်ပျော်သွားတာဟာ နောက်နေ့မနက်မှာ စိတ်ကိုကြည်လင်လန်းဆန်းတတ်ကြွစေပါတယ်။ ဒါကြောင့် တစ်နေ့တာမှာဖြစ်ပေါ်တတ်တဲ့စိတ်အခြေအနေတွေဟာလည်း မိမိတို့ရဲ့ အိပ်ရေးဝမှုနဲ့များစွာဆက်စပ်နေပါတယ်။ ကောင်းစွာအိပ်စက်နိုင်မှ ကျွန်တော်တို့ရဲ့နေ့စဉ်တစ်နေ့တာမှာ အဓိကကျတဲ့ “စိတ်” ကိုရွှင်လန်းပြီး ဟန်ချက်မှန်မှန်နဲ့ထိန်းချုပ်ထားစေမှာပဲဖြစ်ပါတယ်။အိပ်ရေးဝတဲ့သူဟာ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရတဲ့အချိန်မှာလဲ လန်းဆန်း ထိရောက်စွာအာရုံစိုက်လုပ်ဆောင်နိုင်တတ်ကြပါတယ်။ ထိုကဲ့သို့မိမိရဲ့စိတ်ကို ဟန်ချက်မှန်မှန်နဲ့ထိန်းချုပ်နိုင်တော့မှ လုပ်ငန်းခွင်ကစိတ်ဖိစီးမှုများ၊ စိတ်ကစဉ်ကလျားဖြစ်မှုများ ၊စိုးရိမ်ကြောင့်ကျလွယ်မှုများနဲ့အခြားသောပြဿနာများကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ ခုခံထားနိုင်မှာပဲဖြစ်ပါတယ်။

  3. 64

    စိတ်ဒဏ်ရာနဲ့အိပ်စက်ခြင်း Emotional Support Session Series 10/25

    အိပ်စက်ခြင်းဟာ ကျွန်တော်တို့ရဲ့တစ်ရက်တာအတွင်းကပင်ပန်းနွမ်းနယ်မှုတွေအားလုံးအတွက်ပြန်လည်အားယူဖို့အနားယူတဲ့ အပန်းဖြေခြင်းဖြစ်ပါတယ်….ဒါပေမဲ့ကျွန်တော်တို့တွေဟာအကြောင်းအမျိုးမျိုးကြောင့်အတိတ်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုထပ်ခါတလဲလဲစဉ်းစားနေမိကြပါတယ်……..အိပ်ချိန်ရောက်တိုင်းအတွေးများစွာနဲ့ရစ်ပတ်ထားမှုတွေကြောင့် ကျွန်တော်တို့ဟာ အိပ်စက်ခြင်းရဲ့စည်းစိမ်ကိုအပြည့်အဝမခံစားရကြဘဲ နောက်ဆက်တွဲ ကိုယ်၊စိတ်မကျန်းမာမှုတွေဖြစ်စေနိုင်ပါတယ်….ကျွန်တော်တို့ဟာ ထိရောက်တဲ့အလေ့အကျင့်များ၊ နည်းလမ်းများကိုသုံးပြီးလိုက်နာကျင့်သုံးကြည့်မယ်ဆိုရင် ကောင်းစွာအိပ်စက်နိုင်စေမှာဖြစ်ပြီး နေ့စဉ်ဘဝမှာလဲ ဟန်ချက်ညီညီနဲ့ လန်းဆန်းတက်ကြွနေမှာပဲဖြစ်ပါတယ်…….

  4. 63

    အိပ်ပျော်ရဲ့လား Emotional Support Session Series 9/25

    ကျွန်တော်တို့ရဲ့ တစ်နေ့တာကို အလုပ်၊ကျောင်း စတဲ့ ကိစ္စအဝဝတွေကို လုပ်ဆောင်နေကြရတာ ဖြစ်တဲ့အတွက် အမြဲလိုလိုဖိစီးမှုသေးသေးလေးတွေ၊ စိတ်ရှုပ်မှုလေးတွေတော့ရှိနေတတ်ပါတယ်…..အဲ့လိုစိတ်ပင်ပန်းမှုတွေကို ကျွန်တော်တို့ဟာ အနားယူခြင်းနဲ့ခဏတာ အပန်းဖြေကြရပါတယ်….နေ့ခင်းဘက်မှာ အလုပ်တစ်ဖက်နဲ့ ဖြစ်တာကြောင့် ညခင်းပိုင်းအိပ်စက်ချိန်ဟာ တစ်နေ့တာရဲ့ အပြည့်အဝ အနားယူခွင့်ရတဲ့အချိန်ဖြစ်တာကြောင့် ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အလွန်အရေးကြီးပါတယ်…..ဒါမှလဲနောက်ရက်တွေကို အင်အားအပြည့်နဲ့တက်ကြွလန်းဆန်းစွာဖြတ်သန်းနိုင်ကြမှာပါ…..

  5. 62

    'Art of Commitment' Emotional Support Session Series 8/25

    “Art of Commitment”အရာတစ်ခုကို စိတ်နှစ်ပြီးဇောက်ချလုပ်တတ်ခြင်းဆိုတာ အောင်မြင်ခြင်းရဲ့လမ်းစတစ်ခုပါ….ဇောက်ချလုပ်တတ်တဲ့အကျင့်ဟာကျွန်တော်တို့ ဘဝမှာအောင်မြင်မှုတွေရရှိစေဖို့ အရေးပါတဲ့အကျင့်ကောင်းတစ်ခုဖြစ်တာကြောင့် ဒီလိုအလေ့အကျင့်ကောင်းတွေကိုမွေးမြူတတ်အောင် ဒီအပတ် Friday Session မှာ Art of Commitment ဆိုတဲ့ခေါင်စဉ်နဲ့ ဆွေးနွေးသွားရင်းအကျိုးရှိစေမယ့် နည်းလမ်းကောင်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် ….လူတွေက Commitment လုပ်ဖို့ ဘာလို့ ကြောက်ကြတာလဲ …ဘာတွေက Commitment လုပ်ဖို့ အတားအဆီးတွေဖြစ်မလဲ ….အဲ့တာကြောင့် Commitment ရှိခြင်းဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုတွေမှာ ဘယ်လောက်ထိအရေးပါသလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲ၊ Commitment ရှိလာအောင် ဘယ်လိုမွေးမြူကျင့်ကြံရမလဲဆိုတဲ့ နည်းလမ်းတွေကို Ms. Agnes Mary (Serenity Founder & Counseling Psychologist) က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ် ….

  6. 61

    ⁨အထီးကျန်မှု နှင့် မိတ်ဖွဲ့ခြင်း Emotional Support Session 7/25

    လူရယ်လို့ဖြစ်လာရင် ကျွန်တော်တို့ဟာ အပေါင်းအဖော်တွေ အသင်းအဖွဲ့တွေနဲ့ ရှင်သန်ကြရပါတယ် …..ဒါပေမယ့် ကျွန်တော်တို့တွေဟာ လူအမျိုးမျိုး စိတ်ထွေထွေဖြစ်ကြတာမို့ တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင်အချိန်လေးပေးပြီး ကိုယ်လုပ်ချင်တာတွေ၊ ကိုယ်ဖြစ်ချင်တာတွေကို ဖန်တီးဖို့၊ တစ်ယောက်တည်း အချိန်ပေးဖို့၊ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကြိုးစားဖို့ လိုအပ်ပါတယ် ….အထီးကျန်မှုဆိုတာ လွယ်ကူတဲ့အရာတစ်ခုမဟုတ်သလို အထီးကျန်မှုဒဏ်ကို ခံနိုင်ရည်ရှိသွားတဲ့အခါမှာလဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝဟာ ဟန်ချက်ညီညီနဲ့ သာယာပျော်ရွှင်ဖွယ် အခိုက်အတန့်လေးတွေ ဖန်တီးလာနိုင်စေမှာဖြစ်ပါတယ် ….အဲ့တာကြောင့် အထီးကျန်မှုတွေကို ဘယ်လိုမျိုး မိတ်ဖွဲ့ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အခိုက်အတန်းလေးတွေကို ဘယ်လိုဖန်တီးလို့ရနိုင်မလဲဆိုတာ Ms. Agnes Mary (Serenity Founder & Counseling Psychologist) က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်

  7. 60

    အချစ် ဘယ်ကစ Emotional Support Session Series 6/25

    “အချစ် ဘယ်ကစ”အချစ်ဆိုတာ အာဒံ နဲ့ ဧဝ က စတာလား …ဒါမှမဟုတ် မျက်လုံးချင်းဆုံမိခိုက်က စတာလား ….အချစ်ဆိုတာ ဘဝရဲ့ လှပတဲ့အရာလေးတစ်ခုပါ ….လှပတဲ့အရာလေးရဲ့ နောက်ကွယ်မှာ တစ်ခါတစ်လေ နာကျင်မှုတွေ၊ မေးခွန်းတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့လဲ ရှုပ်ထွေးနေတတ်ပါတယ် ….အဲ့တာကြောင့် အချစ်နဲ့ပတ်သက်ပြီး စိတ်ထဲမှာ ဖြေရှင်းလို့ မရတဲ့ မေးခွန်းတွေရှိနေသူတွေ၊ စိုးရိမ်ပူပန်မှုတွေ နဲ့ နာကျင်မှုတွေကို ရင်ဝယ်ပိုက်ထားရတဲ့သူတွေအတွက် အဖြေရှာရမယ့် နည်းလမ်းတွေကို Ms. Agnes Mary (Serenity Founder & Counseling Psychologist) က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ် .…

  8. 59

    အခက်ခဲများကြား ရှင်သန်ခြင်း Emotional Support Session 5/25

    “အခက်ခဲများကြား ရှင်သန်ခြင်း”အခက်အခဲတွေကြားမှာလည်း ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို ကာကွယ်ကြမလဲ။ ဘဝဟာ အမြဲတမ်းပြေလည်နေသည့်လမ်းမဖြစ်သော်လည်း၊ မိမိကိုယ်ကိုကို ယုံကြည်မှု၊ သည်းခံမှု၊ စိတ်ဓာတ်ခိုင်မာစေခြင်းတွေနဲ့ ရှင်သန်နေရတာ ပင်ပန်းပါတယ်။တစ်ခါတစ်လေ အရာရာအဆင်မပြေသည့်အခါတွင် ကိုယ့်အတွက်သာမက၊ မိမိချစ်ခင်ရသူများအတွက်ပါ တာဝန်ယူပြီး၊ သက်တောင့်သက်သာနေနိုင်ဖို့ ကြိုးစားခြင်း၊ မျှဝေပေးနိုင်သူတစ်ဦးထံပြောပြခြင်း၊ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ထိန်းသိမ်းခြင်းကလည်း သင့်စိတ်ကျန်းမာရေးအတွက် အရေးကြီးတာဖြစ်ပါတယ်။

  9. 58

    အတွင်းသူငယ်စိတ်နှင့် တွေ့ဆုံခြင်း Emotional Suppot Session Series 4/25

    ကျွန်တော်တို့ဘဝမှာ အတွင်းသူငယ်စိတ်ကို ပြန်လည်တွေ့ဆုံဖို့ဆိုတာ မလွယ်ကူတဲ့အရာတစ်ခုပါ။ တစ်ခါတစ်လေ ငယ်စဉ်ကလေးဘဝက စိတ်ခံစားချက်တွေ၊ အိပ်မက်တွေ၊ ကြောက်ရွံ့မှုတွေကို မေ့လျော့ပြီး ဘဝကို ရှေ့ဆက်နေမိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုမေ့လျော့ထားခြင်းရဲ့ အခြားတစ်ဖက်မှာ ကိုယ့်ရဲ့အတွင်းသူငယ်စိတ်ကို ပြန်လည်တွေ့ဆုံပြီး ကိုယ့်ရဲ့စစ်မှန်တဲ့ခံစားချက်တွေကို ရှာဖွေတွေ့ရှိဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။

  10. 57

    မိမိကိုယ်ကို တကယ်သိပြီလား Emotional Support Session Series 3/25

    ကျွန်တော်တို့ဘဝမှာ မိမိကိုယ်ကို သိဖို့ဆိုတာ မလွယ်ကူတဲ့အရာတစ်ခုပါ။ တစ်ခါတစ်လေ ကိုယ့်ရဲ့စိတ်ခံစားချက်တွေ၊ ရည်မှန်းချက်တွေ၊ ကြောက်ရွံ့မှုတွေကို မသိလိုက်ဘဲ ဘဝကို ရှေ့ဆက်နေမိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုမသိဘဲနေခြင်းရဲ့ အခြားတစ်ဖက်မှာ ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာပြီး ကိုယ့်ရဲ့စစ်မှန်တဲ့အတွင်းစိတ်ကို ရှာဖွေတွေ့ရှိဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။

  11. 56

    မိမိကိုယ်ကို ခွင့်လွှတ်ဖို့လိုလား Emotional Support Session Series 2/25

    မိမိကိုယ်ကို ခွင့်လွှတ်ဖို့လိုလားတစ်ခါတလေ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အပြစ်တင်မိတတ်ကြပါတယ်။ အမှားတွေ လုပ်မိတိုင်း၊ မအောင်မြင်မှုတွေ ကြုံတိုင်း ကိုယ့်ကိုယ်ကို ပြန်ပြီး ဝေဖန်မိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုခံစားချက်တွေက ကိုယ့်ကို ပိုပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ ဒီအပတ် session လေးမှာ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်စေဖို့၊ ကိုယ့်ရဲ့အတိတ်အမှားတွေကို လက်ခံပြီး အနာဂတ်ကို အကောင်းမြင်နိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

  12. 55

    မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု Emotional Support Session Series 1/25

    မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု(Self-esteem) ဆိုတာ ကိုယ့်ကိုယ်ကို လက်ခံနိုင်ပြီး ကိုယ့်တန်ဖိုးကို နားလည်ခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတည်ဆောက်ရာမှာ အရေးကြီးတဲ့အချက်တွေ၊ နည်းလမ်းတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

  13. 54

    အရွေ့တစ်ခုအတွက်အင်အား Emotional Support Session Series 50/24

    "အရွေ့တစ်ခုအတွက်အင်အား"နှစ်စမှာ အပြောင်းအလဲလုပ်လိုတဲ့အခါ၊ နောက်လာမည့်အနာဂတ်အတွက်လိုအပ်တဲ့အရာတွေကို ပံ့ပိုးဖို့၊ အခြေအနေအသစ်တွေနဲ့ ကိုက်ညီတဲ့အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။အပြောင်းအလဲဆိုတာ တစ်နေ့တည်းပြုလုပ်နိုင်တဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါ့ကြောင့်အပြောင်းအလဲတွေအတွက် မိမိရည်မှန်းချက်ကို ရှင်းလင်းစွာသတ်မှတ်ထားပြီး၊ လုပ်ဆောင်ရန်လိုအပ်သော နည်းလမ်းများကို ကဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

  14. 53

    လွှတ်ချဖို့ ခက်ခဲခြင်း Emotional Support Session Series 49/24

    “လွှတ်ချဖို့ ခက်ခဲခြင်း” ဆိုတာ သက်ဆိုင်ရာအခြေအနေနဲ့ ပေါ်ပေါက်လာနိုင်တဲ့စိတ်ခံစားမှုတစ်ခုဖြစ်ပါတယ်။ ၎င်းမှာ အတိတ်က အဖြစ်အပျက်များ၊ အဆက်အသွယ်များ၊ သို့မဟုတ် မျှော်လင့်ချက်များကို ချန်ထား၍ ရှေ့ဆက်တိုးရန်အခက်အခဲဖြစ်စေသော စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်ပါတယ်။လွှတ်ချခြင်းသည် အချိန်ယူသော အစဉ်အလာဖြစ်နိုင်သော်လည်း မိမိရဲ့စိတ်ချမ်းသာမှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သတိပြုရန်လိုပါတယ်။

  15. 52

    အားလပ်ရက်နဲ့ ကြောင့်ကြစိတ် Emotional Support Session Series 48/24

    အားလပ်ရက်တွေ ပွဲတော်ရက်တွေဟာ မိသားစုတွေ၊ ချစ်ရတဲ့သူတွေနဲ့ အချိန်ပေးပြီး အပန်းဖြေဖို့အချိန်လို့ လူအများကထင်‌ကောင်းထင်ကြပေမယ့် တချို့သူတွေအတွက်တော့ ထိုနေ့ရက်တွေဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေနဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့ အချိန်ကာလလည်းဖြစ်နေတတ်ပါတယ်။ဒါကြောင့် "အားလပ်ရက်နဲ့ ကြောင့်ကြစိတ်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အားလပ်ရက်တွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့စိတ်ဖိစီးမှုတွေနဲ့ ထိုစိတ်ဖိစီးမှုတွေကိုဘယ်လိုကျော်လွှားနိုင်မလဲစသဖြင့်နည်းလမ်းတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။

  16. 51

    တစ်နှစ်တာကိုပြန်လည်သုံးသပ်ခြင်း Emotional Support Session Series 47/24

    ဒီတစ်ပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''တစ်နှစ်တာကိုပြန်လည်သုံးသပ်ခြင်း'' ဆိုတဲ့ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ တစ်နှစ်တာလုပ်ဆောင်ခဲ့သမျှအရာတွေ မှတဆင့် ပျော်ရွှင်စရာ၊ ဂုဏ်ယူစရာ၊ ကျေနပ်စရာများရှိခဲ့သလို နာကျင် ဝမ်းနည်းစရာ အဆင်မပြေမှုများလည်းရှိခဲ့နိုင်ပါတယ်။ဒီလိုအတက်အကျတွေနဲ့ ပင်ပန်းနေရတဲ့စိတ်လေးကို နှစ်တစ်နှစ်၏ နောက်ဆုံးလမှာ ခဏအနားပေးကာ ပြန်လည်သုံးသပ်ခြင်းဖြင့် နှစ်သစ်မှာ အကောင်းဆုံး ဆက်လက်လျှောက်လှမ်းဖို့ အတူတူကြိုးစားကြမယ်။

  17. 50

    ခံစားချက်များရဲ့ အသံမှ ကောင်းမွန်သော ဆက်ဆံရေးသို့ Emotional Support Session Series 46/24

    ဒီတပတ်မှာတော့ 'ခံစားချက်များရဲ့ အသံမှ ကောင်းမွန်သော ဆက်ဆံရေးသို့' ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။အမျိုးသားတစ်ဦးအနေနဲ့ သင့်ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ တခါတရံ အခက်အခဲဖြစ်နေပါသလား?တစ်ခါတလေ “အပြစ်မဲ့တဲ့ပုံစံ” ပြုလုပ်ရင်း ကိုယ့်ရဲ့ စိတ်တွင်းအာရုံတွေကို ဖုံးဖိထားရသလို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ခံစားချက်တွေကို နားလည်ပြီး ထုတ်ဖော်တင်ပြနိုင်ခြင်းက မိမိအတွက် အချစ်၊ နားလည်မှု၊ နွေးထွေးမှုနဲ့ ပြည့်စုံတဲ့ ဆက်ဆံရေးတစ်ခုအတွက် အဓိကတံတားဖြစ်ပါတယ်။အမျိုးသားတွေမှာ ခံစားချက်တွေကို ကိုယ်တိုင်သေချာနားမလည်ခြင်းနှင့် ခံစားချက်များကို မဖော်ပြတတ်ခြင်းကြောင့် မိမိချစ်ရသူများ၊ အိမ်ထောင်ရေးနှင့် မိသားစုပေါ် သက်ရောက်မှုများအကြောင်းကို မျှဝေပေးသွားမှာပါ။

  18. 49

    အုပ်ထိန်းမှု အနုပညာ Emotional Support Session Series 45/24

    ဒီတပတ်မှာတော့ အုပ်ထိန်းမှု အနုပညာ ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။ဖခင် ဆိုသောအခန်းကဏ္ဍဟာ မိသားစုတစ်စုအတွက် အလွန်အမင်းအရေးကြီးလှပါတယ်။ ဖခင်တစ်ယောက်၏ မှန်ကန်သော ပြုမူဆက်ဆံမှု၊ အုပ်ထိန်းစောင့်ရှောက်ပေးမှုကြောင့် သာယာသော မိသားစုဘဝ ကိုဖြစ်စေနိုင်သလို မိမိရင်သွေးလေးများသည်လည်း ဉာဏ်ရည်မြင့်မား၍ထက်မြက်သော၊ မျှတသောအတွေးအခေါ်ရှိသောသူများ ဖြစ်လာပါလိမ့်မယ်။

  19. 48

    သန်မာခြင်း နှင့် စိတ်သုခ Emotional Support Session Series 44/24

    ဒီတပတ်မှာတော့ 'သန်မာခြင်း နှင့် စိတ်သုခ' ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။သန်မာခြင်းဆိုသည်မှာ အဘယ်နည်းလူ့ဘဝမှာ သန်မာခြင်းဆိုတာ လွန်စွာ အရေးကြီးတဲ့ အချက်ဖြစ်ပြီး မိမိ၏ ကိုယ်ကာယ ခွန်အားအပြင် မိမိစိတ်ဓာတ်သန်မာ​ခြင်း နှင့် စိတ်ပျော်ရွှင်မှုကို ပိုမိုအရေထား ထိန်းသိမ်းခြင်းသည်လည်းအရေးကြီး လှပါတယ်။သန်မာခြင်းကို ပြန်လည် သုံးသပ်ကြည့်ဖူးကြလား သန်မာခြင်း က မိမိကိုယ်ကို ကာကွယ်ပေးနိုင်သော စွမ်းအား ဖြစ်သလို ပြင်ပလောကအပေါ်မှာလည်း ကြံ့ခိုင်မှုရရှိစေပါတယ် ။ စိတ်သုခ ရရှိဖို့ဆိုသည်မှာ ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာသန်မာမှုမှ စတင်ရပါတယ်။သန်မာခြင်းကြောင့် ပင်ပန်းမှုကို ဦးတည်နေခြင်းထက် ခန္ဓာသန်စွမ်းပြီး စိတ်ခွန်အားသန်မာစေဖို့ မိမိစိတ်ကို လိုအပ်ပါက ကောင်းစွာအနားယူတတ်ရန်နှင့် ပင်ပန်းခွင့်ပြုဖို့လည်း လိုအပ်ပါတယ် ။အားလုံး စိတ်အေးချမ်းတဲ့ ဘဝကို ရရှိဖို့ စိတ်ခွန်အားကို ထိန်းသိမ်းပြီး သန်မာစွာ ရှင်သန်နိုင်ဖို့ လုပ်ဆောင်ကြရအောင်။

  20. 47

    အယူအဆမှားများ အား ကျော်ဖြတ်ခြင်း Emotional Support Session Series 43/24

    ဒီတပတ်မှာတော့ 'အယူအဆမှားများ အား ကျော်ဖြတ်ခြင်း' ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။အမျိုးသားများ စိတ်ကျန်းမာပျော်ရွှင်​ဖို့သည်လည်း ဘဝအတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သို့သော် များသောအားဖြင့် လူမှုအသိုင်းအဝိုင်းရဲ့အယူအဆမှားများကြောင့် အမျိုးသားများဟာ မိမိစိတ်ကျန်းမာရေးကို ပြောဆိုဖော်ထုတ်ဖို့ လွယ်ကူမှုမရှိကြပါဘူး။ ဝမ်းနည်းနာကျင်စရာ ရှိခဲ့ရင်တောင် ငိုဖို့မရဲတဲ့အခြေအနေတွေကြောင့် ပိုမိုနာကျင် ခံစားရနိုင်ပါတယ်။မိမိမိသားစု ပတ်၀န်းကျင်မှာရှိတဲ့ အမျိုးသားများရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ကို အမျိုးသားများသာမက အမျိုးသမီးများကလည်း နားလည်သိရှိထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း တစ်ဦးစိတ်အခြေအနေကို တစ်ယောက်က နားလည်ပြီး သာယာ ပျော်ရွှင်တဲ့ မိသားစုဘဝကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ကြမှာပါ။လူသားတစ်ယောက်ဖြစ်သော အမျိုးသားများလည်း မိမိစိတ်ကိုဖော်ထုတ်ဖွင့်ဟပြီး အယူအဆမှားတချို့ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။

  21. 46

    ခံစားချက်ဖတ်စာ Emotional Support Session Series 42/24

    ဒီတပတ်မှာတော့ 'ခံစားချက်ဖတ်စာ' (Emotional Perception)ဆိုတဲ့ ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။စိတ်များကို ဖတ်ရှုခြင်း၏ အဓိပ္ပါယ် စိတ်ခံစားမှု များသည် အချင်းချင်း ဆက်သွယ်မှုများတွင် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။ခံစားချက်ဖတ်စာ (Emotional Perception) ဆိုသည်မှာ သင်၏ပတ်ဝန်းကျင်၌ ရှိသောသူများ၏ စိတ်ခံစားချက်များကို သေချာဖတ်ရှုနိုင်ခြင်း၊ လေ့လာနိုင်ခြင်း ဖြစ်ပါသည်။ ဒါသည်ပင် အခြားသူများနှင့် ပိုမိုနားလည်မှု ရရှိစေသည့်အပြင် မိမိ၏ ရောဂါကုသမှု၊ စိတ်ပညာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ၊ လုပ်ငန်းခွင်ဆိုင်ရာ လေ့ကျင့်မှုများတွင် အရေးကြီးလှပါသည်။မည်သည့် စကားစမြည်မှမဟုတ်ဘဲ၊ အခြားသူ၏ ခံစားချက်များကို နားလည်၍ အကောင်းဆုံးကိုင်တွယ်နိုင်ခြင်းသည် လူမှုဆက်ဆံရေးတွင်သာမက လုပ်ငန်ခွင်​ ထက်အောက်ဆက်ဆံရေးများတွင်ပါ ရလဒ်ကောင်းများကို ရရှိစေပါသည်။

  22. 45

    စိတ်ဓါတ်ကြံ့ခိုင်ခြင်း နှင့် လုပ်ငန်းခွင် စိတ်ကျန်းမာရေး Emotional Support Session Series 41/24

    ဒီတပတ်မှာတော့ 'စိတ်ဓါတ်ကြံ့ခိုင်ခြင်း နှင့် လုပ်ငန်းခွင် စိတ်ကျန်းမာရေး' ခေါင်းစဥ်ကို ဆွေးနွေးပေးသွားပါမယ်။စိတ်ဓာတ်ကြံ့ခိုင်မှု ဆိုတာဘာလဲစိတ်ဓာတ်ကြံ့ခိုင်ဖို့ ဘာအရည်အသွေးတွေ လိုအပ်သလဲလုပ်ငန်းခွင်၌ စိတ်ဓာတ်ကြံ့ခိုင်မှုရှိခြင်းက မိမိအလုပ်အပေါ် မည်သို့သက်ရောက်မှု ရှိနိုင်ပြီး လုပ်ငန်းခွင် စိတ်ကျန်းမာရေးကို မည်သို့ပံ့ပိုးပေးနိုင်သလဲအခက်အခဲတွေ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ မိမိစိတ် အခြေခံပေါ် မူတည်ပြီး လက်ခံရင်ဆိုင် ဖြေရှင်းနိုင်မှု ကွာခြားနိုင်ပါတယ်။စိတ်ဓာတ်ကြံ့ခိုင်ပြီး စိတ်ခွန်အား ပြည့်ဝသူများကတော့ ကြုံလာသမျှ မည်သည့် အခက်အခဲကိုမဆို ရင်ဆိုင်ဖို့သတ္တိ နှင့်ကျော်ဖြတ်နိုင်စွမ်းအားတွေလည်းရှိနေပါတယ်။စိတ်ဓာတ်ကြံ့ခိုင်ဖို့ စိတ်ခွန်းအားပြည့်ဝဖို့အတွက် ပုံမှန်လုပ်ဆောင်သင့်သော စိတ်ကျန်းမာစေရန် အလေ့အကျင့်ကောင်းလေးတွေကိုသိရှိဖို့လည်း လိုအပ်ပါတယ်။

  23. 44

    ဟန်ချက်ညှိခြင်း Emotional Support Session Series 40/24

    ဒီတပတ်မှာတော့ Work life Balance 'ဟန်ချက်ညှိခြင်း' ခေါင်းစဥ်ကို ဆွေးနွေးပေးသွားပါမယ်။အရွယ်ရောက်ပြီး လူအများစု အချိန်အများဆုံး အသုံးပြုရာနေရာဟာ လုပ်ငန်းခွင်ပါ။လုပ်ငန်းခွင် စိတ်ဖိစီးမှု နဲ့ စိတ်ပင်ပန်းမှုတွေကို အလုပ်လုပ်နေသူတိုင်းက မဖြစ်မနေ ကြုံတွေ့ရမှာပါ။ ကြုံတွေ့လာသော ဖိစီးမှုတွေကြောင့် လုပ်ငန်းခွင်သာမက မိမိလူမှုဘဝကိုပါ ထိခိုက်လာနိုင်ပါ။ ဒါကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကိုလည်း သတိထား ဖြေလျော့ပေးတက်ဖို့လိုပါတယ်။ ဒါမှသာ မိမိအလုပ်နှင့် လူမှုဘဝအပေါ် ဟန်ချက်ညီညီ ထိန်းညှိပေးနိုင်ပြီး စိတ်ကျေနပ်မှုကိုရစေနိုင်ပါတယ်။

  24. 43

    စိတ်အားထက်သန်မှုနှင့်အလုပ်အကိုင် ထပ်တူကျခြင်း Emotional Support Session Series 39/24

    ဒီတပတ်မှာတော့ ''စိတ်အားထက်သန်မှုနှင့်အလုပ်အကိုင် ထပ်တူကျခြင်း'' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားပါမယ်။လူတိုင်းလိုလို ဘဝရပ်တည်မှုအတွက် လိုအပ်သော ငွေကြေးရရှိဖို့ အလုပ်လုပ်ကြရတဲ့အခါ လုပ်ငန်းခွင် စိန်ခေါ်မှုများကြားမှာ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးစရာ ကိစ္စများနှင့်လည်း မလွဲမသွေကြုံတွေ့ရမှာပါ။ထိုသို့ကြုံတွေရတဲ့အခါ စိတ်အားထက်သန်စွာ ရင်ဆိုင် ကျော်ဖြတ်ရဲသော စိတ်စွမ်းရည်သတ္တိ ရှိမှုကလည်း မိမိဘဝ တိုးတက်မှုအတွက် အရေးကြီးသော အထောက်အပံ့တစ်ခုပါ။

  25. 42

    နေ့စဉ်ဘဝထဲမှာ အဓိပ္ပာယ်တစ်ခုဖန်တီးခြင်း Emotional Support Session Series 38/24

    ဒီတပတ်မှာတော့ ''နေ့စဉ်ဘဝထဲမှာ အဓိပ္ပာယ်တစ်ခုဖန်တီးခြင်း'' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားပါမယ်။အနာဂတ် အတွက်မှန်းဆဖို့ ခက်ခဲတဲ့အခြေအနေ မရေရာမှုတွေများတဲ့အခြေအနေ မှာ မိမိ၏ ခဏတာ ရှင်သန်မှုလေးကို အဓိပ္ပါယ်ရှိရှိ နေထိုင်နိုင်ဖို့ ကြိုးစားကြရအောင်.... မနက်ခင်းလေးမှ အစပြု၍ တနေ့တာ ကိစ္စတိုင်းကို အဓိပ္ပါယ်ပြည့်ဝစွာ အကျိုးရှိရှိ ကုန်ဆုံးစေဖို့ရန် အတွက် ကောင်းမွန်သော စိတ်ခွန်အားတွေရရှိကာ မိမိဇာတ်လမ်းကိုပြောင်းလဲရေးသားနိုင်ဖို့နည်းလမ်းလေးတွေလည်းလိုအပ်ပါတယ်။

  26. 41

    ကျရှုံးမှုကို ရင်ဆိုင်ခြင်း Emotional Support Session Series 37/24

    ဒီတပတ်မှာတော့ ''ကျရှုံးမှုကို ရင်ဆိုင်ခြင်း'' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားပါမယ်။ဘဝမှာ လူတိုင်း ကျရှုံးမှာတွေကိုကြုံဆုံခဲ့ရဖူးမှာပါ။ ကျရှုံးတဲ့အခါ နာကျင်ပင်ပန်းရခြင်း၊ ခွန်အားကုန်ခမ်းပြီး ရပ်တန့်ပစ်ချင်သော အခိုက်အတန့်တွေ လည်းရှိနေခဲ့မယ်။ရပ်တန့်ပစ်ဖို့ထက် ရင်ဆိုင်ကျော်ဖြတ်ဖို့ စိတ်ခွန်အားလေးမွေးကြည့်လိုက်ပါ။အောင်မြင်မှု ဆိုသည်မှာလည်း အကြိမ်ကြိမ် ကျရှုံးမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး မဆုတ်မနစ် ကြိုးစာခြင်းကြောင့်သာ ရရှိလာသော ဆု တစ်ခုပါ။ကျရှုံးမှုတွေ ကြုံတဲ့အခါ တုံ့ပြန် ရင်ဆိုင်မယ်ဆိုတဲ့ ခွန်အားတွေရရှိကာ မိမိဇာတ်လမ်းကိုပြောင်းလဲရေးသားနိုင်ဖို့နည်းလမ်းလေးတွေလည်းလိုအပ်ပါတယ်။

  27. 40

    ဘ၀ရဲဲ့ စိန်ခေါ်မှုများကို တုန့်ပြန်ခြင်း Emotional Support Session Series 36/24

    ဒီတပတ်မှာတော့ ''ဘ၀ရဲဲ့ စိန်ခေါ်မှုများကို တုန့်ပြန်ခြင်း'' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားပါမယ်။ဘဝမှာ ခက်ခဲပင်ပန်းတဲ့ အချိန်အခါ၊ ခက်ခဲပင်ပန်းတဲ့အခြေအနေတွေ ကြုံလာတဲ့အခါ ထိုအကြောင်းအရာတွေကို ရင်ဆိုင် တုံပြန်ဖို့ကြိုးစားရတာဟာလည်း ကြီးမာတဲ့စိန်ခေါ်မှုပါ။စိန်ခေါ်မှုတွေ ကြုံလာတဲ့အခါ ရင်ဆိုင် တုံပြန်ဖြေရှင်းနိုင်လိုက်ခြင်းဖြင့် နောက်ထပ် ကြုံတွေ့လာနိုင်သော စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ သတ္တိနဲ့ စိတ်ခွန်အားကိုလည်းရရှိလာပါတယ်။မိမိရဲ့ စိတ်ခံစားချက်တွေကို လက်ခံပြီး သေချာသော အဖြေတစ်ခုကို ရှာဖွေမယ်။ စိန်ခေါ်မှုတွေကို တုံပြန် ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ခွန်အားတွေရရှိကာ မိမိဇာတ်လမ်းကိုပြောင်းလဲရေးသားနိုင်ဖို့နည်းလမ်းလေးတွေလည်းလိုအပ်ပါတယ်။

  28. 39

    ဇာတ်လမ်းပြောင်းလဲစို့ Emotional Support Session Series 35/24

    September သည် World Suicide Prevention Day လဖြစ်သည့်အတွက် 2024 World Suicide Prevention Day ရဲ့Theme ဖြစ်သော '' Change The Narrative '' ဇာတ်လမ်းပြောင်းလဲစို့ ဆိုတဲ့ ခေါင်းစဥ် ကို ဆွေးနွေး ပေးသွားမှာပါ။စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ နေ့စဥ်ဖြတ်သန်းနေရတဲ့ ဘဝရဲ့ဇာတ်ခုံမှာ မိမိရဲ့ ဇာတ်လမ်းကိုပြောင်းလဲ ရေးသားဖို့ ဘာတွေလိုအပ်မလဲဘာတွေက အတားအဆီးဖြစ်နေမလဲဇာတ်လမ်းပြောင်းလဲဖို့ အတွက် မိမိရဲ့ဘဝအမြင်လက်ခံထားသောအခြေအနေတွေကို ပြန်လည်သုံးသပ်၊ ပြင်ဆင်ဖို့နဲ့ ကောင်းမွန်သောဘဝအဓိပ္ပါယ်ကို ရှာဖွေဖို့ ရည်ရွယ်ပါတယ်။ဒီတပတ်မှာတော့ ကိုယ့်ရဲ့ ဇာတ်လမ်းအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ မိမိရဲ့ရည်မှန်းချက်နဲ့ ဘဝအဓိပ္ပါယ်ကို ပြန်လည်ရှာဖွေနိုင်ဖို့ အဓိကထား ဆွေးနွေးပေးသွားမှာပါ။

  29. 38

    စွဲလမ်းမှု နဲ့ စိတ်ကျန်းမာရေး Emotional Support Session Series 34/24

    ဒီတပတ် ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''စွဲလမ်းမှု နဲ့ စိတ်ကျန်းမာရေး '' ဆိုတဲ့ ခေါင်းစဥ် ကို ဆွေးနွေး ပေးသွားမှာပါ။စွဲလမ်းမှုအမျိုးမျိုးအကြောင်း ပြောခဲ့ပြီးပြီဆိုတော့ စိတ်ကျန်းမာရေး ရှုထောင့်မှနေ၍ စွဲလမ်းခြင်းကို လျော့ပါးသက်သာစေပြီး မိမိစိတ်ကို ကောင်းမွန်သောနည်းလမ်းများကိုသုံးကာ ထိန်ကျောင်းနိုင်ဖို့ အတွက် ဒီလရဲ့ နောက်ဆုံးသောကြာနေ့လေးမှာ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

  30. 37

    စွဲလမ်းမှု နဲ့ ဆုလာဘ် Emotional Support Session Series 33/24

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''စွဲလမ်းမှု နဲ့ ဆုလာဘ် '' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေး ပေးသွားမှာပါ။ဘာလို့ လူတွေ စွဲလမ်းမှုကို သာယာနေလဲစွဲလမ်းမှု ကိုဖြတ်ဖို့ဘာလို့ခက်ခဲလဲစွဲလမ်းမှု ရဲ့ ဆုလာဘ်တွေက ဘာတွေများဖြစ်မလဲ။

  31. 36

    မိမိကိုယ်ကို နာကျင်အောင် ပြုလုပ်ခြင်းကို စွဲလမ်းမှု Emotional Support Series 32/24

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ Self-Harm In Addiction '' မိမိကိုယ်ကို နာကျင်အောင် ပြုလုပ်ခြင်းကို စွဲလမ်းမှု '' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေး ပေးသွားမှာပါ။စိတ်ပိုင်းဆိုင်ရာ နာကျင်မှု သို့မဟုတ် စိတ်ဆင်းရဲမှုကို ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းတစ်ခုအဖြစ် မိမိကိုယ့်ကို နာကျင်အောင် ပြုမူရာ မှတဆင့် စွဲလမ်းသော အပြုအမူအဖြစ်သို့ ရောက်ရှိသွားနိုင်ပါတယ်။

  32. 35

    ကလေးများ နှင့် စွဲလမ်းမှု Emotional Support Series 31/24

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ Addiction in Children '' ကလေးများ နှင့် စွဲလမ်းမှု'' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။ ကလေးတွေမှာလည်း စွဲလမ်းသော အရာများ၊စွဲလမ်းသော အမူအကျင့်များ ရှိနေတက်ပါတယ်။ ငယ်ရွယ်နုနယ်သူများမို့ ကောင်းဆိုး စဥ်းစားနိုင်မှု အားနည်းကြပါတယ်။ ထိုကလေးငယ်တွေရဲ့ စွဲလမ်းမှု ပြဿနာတွေကို ကောင်းစွာကူညီကိုင်တွယ်နိုင်ဖို့ နည်းလမ်းလေးတွေကို မိဘများနှင့် ကလေးပြုစုစောက်ရှောက်သူများ သိထားသင့်ပါတယ်။

  33. 34

    Emotional Support Session Series 30/24 စွဲလမ်းမှု နှင့် အပြုအမူ

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''စွဲလမ်းမှု နှင့် အပြုအမူ'' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။ စွဲလမ်းမှုလို့ ဆိုလိုက်တာနဲ့ ​ဖျက်တောက်ဖို့ ခဲယဥ်းသော မလုပ်ရမနေနိုင်သော အခြေအနေ အနေအထား တစ်ခုအဖြစ်သိမြင်ကြပါတယ်။

  34. 33

    Emotional Support Session Series 29/24 Mental Spa

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''Mental Spa''ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။ရုပ်ခန္ဓာလေး သန့်စင်လှပနေဖို့ Spa လုပ်သလို စိတ်အညစ်အကြေးတွေ ဖယ်ရှာဖို့ လည်း Mental Spa လေး လုပ်ကြရအောင်။တရစ်ရစ်တက်လာတဲ့ စိတ်ပင်ပန်း နာကျင်စရာသေးသေးလေးတွေ များလာတဲ့အခါ စိတ်အကြည်ဓာတ်​လေး လျော့ကျလာပါလိမ့်မယ်။ဒီအခြေအနေလေးတွေ ကြုံနေခဲ့ရင် မိမိစိတ်လေး သန့်စင်ကြည်လင်နေဖို့ Spa လေး လုပ်ဖို့ လိုအပ်နေပါပြီ။

  35. 32

    Emotional Support Session Series 28/24 စိတ်ဖိစီးမှု၏ထွက်ပေါက်

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''စိတ်ဖိစီးမှု၏ထွက်ပေါက်'' ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။စိတ်ဖိစီးမှုတွေ များလွန်းတဲ့အခါ လွတ်လမ်းထွက်ပေါက်ကို ရှာဖွေလာတက်ကြတယ်။နည်းလမ်းအမျိုးမျိုး နဲ့ စိတ်ဖိစီးမှုတွေ လျော့ကျ ဖို့ ကြိုးစာတက်ကြပါတယ်။ခဏတာ စိတ်ဖိစီးမှု လျော့ကျနိုင်ပြီး ရေရှည်မှာ မိမိ စိတ်နှင့်ကိုယ် ကို ပိုမိုထိခိုက်လာနိုင်​သော နည်းလမ်းမျိုးတွေကိုသုံးမိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ကောင်းမွန်မှန်ကန်သော နည်းလမ်းလေးတွေကို သုံးပြီး စိတ်ဖိစီးမှုတွေကိုလျော့ချနိုင်ခဲ့မယ်ဆိုရင်ဖြင့် ရေရှည်အတွက် စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး စိတ်ပေါ့ပါးအေးချမ်းမှုကိုရရှိနိုင်ပါတယ်။

  36. 31

    Emotional Support Session Series 27/24 လူမှုဆက်ဆံရေး အဆိပ် ထုတ်ခြင်း

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''Social Detox ''လူမှုဆက်ဆံရေး အဆိပ်ထုတ်ခြင်း''ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။လူသားဖြစ်တည်မှု စကတည်းက လူမှုဝန်ကျင်းနှင့် ယှဥ်တွဲဖြစ်တည်လာခဲ့တာမို့ လူမှုဆက်ဆံရေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခြင်း စိတ်သောကဖြစ်ရခြင်းတွေဟာရှိနေကြမှာမလွဲပါ။မိမိကိုယ်နှင့်စိတ် ကိုထိခိုက်လာနိုင်သော လူမှုရေးအဆိပ်ဖြစ်စေတဲ့ အတွေးများ လုပ်ရပ်များကိုတော့ သတိထား သန့်စင်ပေးဖို့အရေးကြီးလှပါတယ်။Social detox (လူမှုဆက်ဆံရေး အဆိပ် ထုတ်ခြင်း)သည် မိမိစိတ်ကို မကျန်းမာစေသော၊ မပျော်ရွှင်သော လူမှုရေး ပတ်သတ်မှုများကို ကောင်းမွန်စွာကိုင်တွယ်တက်ပြီး မိမိလူမှုဘဝကို ငြိမ်းချမ်စေကာ ပိုမိုကောင်းမွန်လှပသော ဘဝများကိုရရှိနိုင်ပါတယ်။

  37. 30

    Emotional Support Session Series 26/24 စိတ်အဆိပ်ထုတ်ခြင်း

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''Mental Detox ''စိတ်အဆိပ်ထုတ်ခြင်း''ဆိုတဲ့ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။ကိုယ်ခန္ဓာကို သန့်စင်ဖို့ Detox (အဆိပ်ထုတ်)​လုပ်သလို စိတ်ကျန်းမာဖို့လည်း စိတ်အနှောင့်အယှက်ဖြစ်စေသော အတွေးများကို သန့်စင်ပေးဖို့အရေးကြီးလှပါတယ်။စိတ်ပိုင်းဆိုင်ရာ detox(အ​ဆိပ်ထုတ်ခြင်း) သည် မိမိစိတ်ကို မကျန်းမာစေသော် မပျော်ရွှင်သောအတွေးများကို ဖယ်ရှားပေးခြင်းဖြင့် စိတ်ကို သန့်စင်စေပြီး စိတ်ကိုငြိမ်းချမ်စေကာ ပိုမိုကောင်းမွန်လှပသော ဘဝများကိုရရှိနိုင်ပါတယ်။

  38. 29

    Emotional Support Session Series 25/24 ငါ့ရဲ့ရွေးချယ်မှု

    ဒီတပတ် ဆွေးနွေးပေးမယ့် ခေါင်းစဥ်ကတော့ ''ငါ့ရဲ့ရွေးချယ်မှု'' ဆိုတဲ့ခေါင်းစဥ်ပဲ ဖြစ်ပါတယ်။ နာကျင်စရာတွေကို အဆုံးသတ်ဖို့အတွက် ငါကိုယ်တိုင် ရွေးချယ်မယ်။ အတိတ်ရဲ့ အရိပ်တွေ လွှမ်းမိုးမှုက ရုန်းထွက်ဖို့အတွက် ငါကိုယ်တိုင်ရွေးချယ်မယ်။ ရွေးချယ်ခြင်းကနေ စတဲ့ ခရီးတစ်ခုကို ငါ စတင်မယ်။

  39. 28

    Emotional Support Session Series 24/24 နာကျင်ခြင်း၊ ထိခိုက်လွယ်ခြင်းနှင့် ရှင်သန်ခြင်း

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''နာကျင်ခြင်း၊ ထိခိုက်လွယ်ခြင်းနှင့် ရှင်သန်ခြင်း''(Pain, Vulnerability and healing )'' ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ နာကျင်မှုတွေကြား ဘယ်လိုရှင်သန်မလဲငယ်ဘဝ ကြီးပြင်းပုံနှင့် ထိခိုက်လွယ်ခြင်း သည် ရှင်သန်ခြင်း၏ အစိတ်အပိုင်းကြား ဆက်နွယ်မှုရှိနေတက်ပြီး ထိုအရာကိုသိရှိထားပါက မိမိတို့ မျိုးဆက်သစ်များကို ကျန်းမာ ပျော်ရွှင်ပြီး ပြောင်းလဲမှုများနှင့်အတူ လိုက်လျော ညီထွေစွာ မိမိစိတ်ကို ဂရုစိုက်နိုင်ဖို့ ပြုစုပျိုးထောင်နိုင်ပါလိမ့်မယ်။

  40. 27

    Emotional Support Session Series 23/24 လက်ဆင့်ကမ်း စိတ်ဒဏ်ရာ

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''လက်ဆင့်ကမ်း စိတ်ဒဏ်ရာ ''ပဲ ဖြစ်ပါတယ်။ လက်ဆင့်ကမ်း စိတ်ဒဏ်ရာဆိုတာ ဘာလဲစိတ်ဒဏ်ရာ အနာတရတွေဆိုတာ မသိမသာနဲ့ မျိုးဆက်အလိုက် လက်ဆင့်ကမ်းပါလာတတ်ကြတယ်။ တစ်ခါတစ်လေ ဒဏ်ရာတွေက ကိုယ်ဆီမှာ ဘာလို့ နာကျင်ရမှန်းမသိအောင် ခံစားနေရတတ်တယ်။ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ နေ့စဉ်လူမှုဘဝတွေကို နာကျင်မှုတွေကို သယ်လာကြတာဖြစ်တယ်။ သတိမထားမိဘဲ လက်ခံရရှိခဲ့သော စိတ်ဒဏ်ရာဖြစ်သည့်အတွက် စိတ်ဒဏ်ရာ ခံစားနေရသည်ကိုပင် သတိပြုမိဖို့ တကယ်ပဲ ခက်ခဲလှပါတယ်။ဒါကြောင့် မှန်ကန်သော ကုစားမှု နှင့် လုပ်ဆောင်ရန် နည်းလမ်းများကို သိရှိပါက စိတ်ခွန်အားပြည့်ဝစွာနှင့် ပိုမိုကောင်းမွန်လှပသော ဘဝများကိုရရှိနိုင်ပါတယ်။

  41. 26

    Emotional Support Session Series 22/24 ပဋိပက္ခနှင့် စိတ်ဒဏ်ရာ

    ဒေသတွင်းပဋိပက္ခတွေနဲ့ ကြုံနေရတဲ့အခါ လူအများစုဟာ ပဋိပက္ခ တွေကြောင့် ရလာတဲ့ အခက်အခဲ၊ နာကျင်စရာများ နှင့် မသေချာမရေရာမှုများကြောင့် စိုးရိမ်းပူပန်ရမှုများကို နိစ္စဓူဝ ကြုံတွေ့နေကြရပါတယ်။ ဒီအကျိုးဆက်တွေကြောင့် စိတ်အနာတရဖြစ်ပြီး စိတ်ဒဏ်ရာ ကိုခံစားရနိုင်ပါတယ်။အဲ့လို ကြုံတွေ့ရသောအခါ စိတ်အခြေအနေ တည်ငြိမ် ကျန်းမာဖို့ ခက်ခဲလာသော်လည်း စိတ် နဲ့ခန္ဓာ ကျန်းမာ နေမှသာ ကြုံလာသမျှ အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်မှာမို့ လုပ်ဆောင်ရမယ့် အလေ့အကျင့် နည်းလမ်းလေးတွေ ကို သိရှိ လေ့ကျင့်ထားဖို့ လိုအပ်လှပါတယ်။

  42. 25

    Emotional Support Session Series 21/24 မသေချာမှုတွေကြားမှာ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်း

    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''မသေချာမှုတွေကြားမှာ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်း '' ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ရှေ့လျှောက် ဘာတွေဆက်ဖြစ်မလဲ၊ ဘာဆက်လုပ်ရမလဲ မသေချာမှုတွေ များလွန်းတဲ့အချိန်မှာ မိမိစိတ်အခြေအနေ ကောင်းမွန် ကျန်းမာနေဖို့ဆိုတာ အင်မတန်ခက်ခဲလှပါတယ်။ဒီအခြေအနေတွေနဲ့ ကြုံနေရတဲ့အခါ ပုံမှန်အခြေအနေတွေထက် ပိုပြီး စိတ်နဲ့ခန္ဓာ ကျန်းမာနေဖို့ကလည်း မဖြစ်မနေ လိုအပ်လှပါတယ်။

  43. 24

    Emotional Support Session Series 20/24 ပျံ့လွင့်လွယ်သော စိတ်အခြေအနေကို နားလည်ခြင်း

    ဒီတပတ်မှာတော့ "ပျံ့လွင့်လွယ်သော စိတ်အခြေအနေကို နားလည်ခြင်း" ခေါင်းစဉ်နဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ပျံ့လွင့်လွယ်သောစိတ်၊ မတည်ငြိမ်နိုင်သောစိတ်ဆိုတာ ဘာလဲစိတ်တည်ငြိမ်ပြီး လုပ်ဆောင်ရန်ကိစ္စများအပေါ် အာရုံစူးစိုက်နိုင်ဖို့ ဘာတွေလုပ်ဆောင်သင့်လဲစိတ်ကလုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေများလွန်းပြီး ခန္ဓာကိုယ်က မလုပ်နိုင်တဲ့အခါမျိုးတွေမှာ စိတ်ဂဏာမငြိမ်ဖြစ်ခြင်း၊ အာရုံစူးစိုက်မရနိုင်ခြင်း၊ အတွေးများပြီး စိတ်လေးအနားမရဘဲ ပင်ပန်းနေတတ်ပါတယ်။ ဒီအခြေအနေမှာ စိတ်လေးတည်ငြိမ်ဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေကို သိရှိနားလည်နေဖို့ အရေးကြီးလှပါတယ်။

  44. 23

    Emotional Support Session Series 19/24 နယ်နိမိတ်စည်းကာခြင်းမှသည်ကျန်းမာပျော်ရွှင်ခြင်းဆီသို့

    ဒီတပတ်ဆွေးနွေးပေးမဲ့ခေါင်းစဥ်ကတော့ ''နယ်နိမိတ်စည်းကာခြင်းမှသည်ကျန်းမာပျော်ရွှင်ခြင်းဆီသို့'' ခေါင်းစဥ်ပဲ ဖြစ်ပါတယ်။ လူ့လောကဝန်ကျင်မှာ ရှင်သန် ရတဲ့အခါ မိမိအတွက် လုံခြုံနွေးထွေးစေသူ၊ ပျော်ရွှင်စေသူ ၊ စိတ်အနာတရဖြစ်စေသူ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေသူ စသည်ဖြင့် လူမျိုးစုံနှင့် တွေ့ဆုံဆက်ဆံရမည်မှာ မလွဲပါ။လူပတ်ဝန်းကျင်နှင့် ကင်းကွာ၍ နေထိုင်ရှင်သန်ဖို့ဆိုသည်မှာ ပို၍ပင်မလွယ်ကူပါ။ဒါကြောင့် မိမိအတွက် သင့်လျော်တဲ့ နယ်နိမိတ်စည်းလေးတွေထားပြီး လူတွေကို ပေါင်းသင်းဆက်ဆံခြင်းဖြင့် မိမိစိတ်ကို ကျန်းမာပျော်ရွှင်စေပါလိမ့်မယ်

  45. 22

    Emotional Support Session 18/24 (အတွေးအမြင်များကို ပြန်လည် ဆန်းစစ်ခြင်း)

    ဒီတပတ်မှာတော့ ''အတွေးအမြင်များကို ပြန်လည် ဆန်းစစ်ခြင်း'' ခေါင်းစဥ်နဲ့ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ အတွေးတွေက ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလည်းဆိုတာကို ပြန်လည်ဆန်းစစ်ပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ ပြောင်းလဲသင့်တဲ့ အတွေးပုံစံတွေကို ဆွေးနွေးပေးသွားမှာပါ။ အတွေးအမြင်မှားယွင်း​ခြင်းတွေကလည်း စိတ်အနာတရဖြစ်ခြင်းနှင့် စိတ်ကျန်းမာရေးကိုထိခိုက်စေနိင်သလို၊ မိမိရဲ့ မှန်ကန်တဲ့ အတွေးအမြင်တွေကြောင့် အောင်မြင်ပျော်ရွှင်သောဘဝတွေကိုလည်းရရှိနိုင်ပါတယ်။မိမိရဲ့အတွေးတွေကြောင့် စိတ်မချမ်းသာ စိတ်မကောင်း စတဲ့စိတ်ခံစားချက်အမျိုးမျိးခံစားနေရပြီး ဒီအတွေးအမြင်လေးကို ပြောင်းလဲလိုက်ယုံဖြင်းလည်း မိမိစိတ်နှလုံး တည်ငြိမ်အေးချမ်းမှုကို ခံစားရနိုင်ပါတယ်။

  46. 21

    Emotional Support Session Series 17/24 (စိတ်ဒဏ်ရာအလွန် စိတ်ကျန်းမာရေး)

    ဒီတပတ်မှာတော့ စိတ်ကို မကျန်းမာစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ ''စိတ်ဒဏ်ရာ အလွန် စိတ်ကျန်းမာရေး'' ခေါင်းစဥ်ကို ဆွေးနွေးပေးထားပါတယ်စိ။ စိတ်နာကျင်ပင်ပန်းရမှုကို အဖန်ဖန်ကြုံတွေရတဲ့အခါ ဆိုးရွားလွန်းတဲ့ အတွေ့အကြုံတွေ ကြုံရပြီးတဲ့အခါ နာရမှန်းတောင် မသိတော့ဘူး။ နာလွန်းလို့​ ဖော်ပြစရာစကားလုံးတောင် ပျောက်ဆုံးနေတယ်စတဲ့ စိတ်ထုံထိုင်းမှုမျိုးလည်း ခံစားရတတ်ပါတယ်။ ဒါဟာ မြုံနေတဲ့ဒဏ်ရာပါပဲ။ကုစားမှုမပြုဘဲ လစ်လျူရှုခြင်း၊ မေ့ဖျောက်ထားခြင်း အဲ့က​နေတဆင့် စိတ်ကျန်းမာရေးကို ထိခိုက်စေသော အခြေအနေတွေကို ကြုံရနိုင်ပါတယ်။ကုစားမှုတွေ ရယူခြင်းဖြင့်လည်း စိတ်ဒဏ်ရာအလွန် ကာလများမှာတော့ ယုံကြည်မှု၊ စိတ်ခွန်အားအပြည့်ဖြင့် လှပသောဘဝတစ်ခုကို ထုဆစ်ပုံဖော်နိုင်ပါလိမ့်မယ်။ဒီလို စိတ်အခြေအနေ ခံစားနေခဲ့ရရင် ဖုံးကွယ်ငြင်းဆန်နေဖို့ မလိုသလို နားလည် တတ်ကျွမ်းသူထံမှ အကူအညီ ရယူတာဟာလည်း ရှက်စရာမဟုတ်ပါဘူး။

  47. 20

    Emotional Support Series 16/24 (စိတ်ဓါတ်ကျခြင်းနှင့် စိတ်ကျဝေဒနာ)

    စိတ်ကို မကျန်းမာစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ ''စိတ်ဓါတ်ကျခြင်းနှင့်စိတ်ကျဝေဒနာ' ဆိုတဲ့ ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။အရာရာခက်ခဲနေတဲ့ခေတ်၊ မသေချာတဲ့ အနာဂတ် စသည့်အ​​ခြေအနေတွေကြောင့် စိတ်ဓာတ်ကျပင်ပန်းနေပြီလား၊စိတ်ဓာတ်ကျ​ခြင်း မှတဆင့် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လို ထိခိုက်စေနိုင်သလဲလုပ်တိုင်းမဖြစ်တဲ့ အခြေအနေတွေ ကြုံတဲ့အခါ၊ ကြိုးစားသလောက်ခရီးမပေါက်တဲ့ အခြေအနေတွေကြုံတဲ့အခါ လူတွေဟာ စိတ်ဓာတ်ကျမှု စိတ်ပင်ပန်းမှုတွေကိုခံစားကြရတယ်။ထိုအခြေအနေတွေ ကြုံတဲ့အခါ မိမိစိတ်ခွန်းအားပေါ်မူတည်ပြီး ကျော်ဖြတ်အောင်မြင်နိုင်သလို၊ ဆက်လက်ရပ်တည်ရန် ခက်ခဲပြီး စိတ်ဝေဓါတ်ဒကျနေသူများလည်းရှိပါတယ် ။ဒီလို စိတ်အခြေအနေတွေ ခံစားနေခဲ့ရရင် ဖုံးကွယ်ငြင်းဆန်နေဖို့ မလိုသလို နားလည် တတ်ကျွမ်းသူထံမှ အကူအညီ ရယူတာဟာလည်း ရှက်စရာမဟုတ်ပါဘူးနော်။

  48. 19

    Emotional Support Series 15/24 (အပြစ်ရှိစိတ်နဲ့ ရှက်ရွံ့ခြင်း)

    စိတ်ကို မကျန်းမာစေတဲ့ အကြောင်းအရာတွေထဲက ''Guilty & Shame " (အပြစ်ရှိစိတ် နှင့် ရှက်ရွံ့ခြင်း) ဆိုတဲ့ ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။မိသားစုတွေကြား အပြစ်တင်ပြောဆိုခြင်းကြောင့် ဘာရလဒ်တွေ ဖြစ်လာနိုင်သလဲအပြစ်တင်ခြင်းက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လို ထိခိုက်စေနိုင်သလဲမှားတဲ့အခါ လက်ခံရရှိတဲ့ တုံ့ပြန်မှုပုံစံတွေကလည်း လူတွေရဲ့ဘဝကို ပြောင်းလဲစေပါတယ်။အပြစ်တင်ခံရခြင်း ကနေ ယုံကြည်မှု အားနည်းပြီး မိမိကိုယ်ကို အပြစ်ရှိတယ်ဆိုတဲ့စိတ်၊ ရှက်ရွံသိမ်ငယ်တဲ့စိတ်တွေနဲ့ အသက်ရှင်နေရတယ်။ ဒီဘဝနေထိုင်နည်းပုံစံကို မကြိုက်ပေမယ့် ဘယ်လိုပြင်ဆင်ရမလဲဆိုတာလည်း သိမနေဘူး။မိမိဘဝကိုအပြစ်မတင်ဘဲ ရဲရဲဝံ့ဝံ့ နဲ့ ယုံကြည်မှုရှိရှိဖြတ်သန်းချင်တယ်။ ....ဒီလို စိတ်အခြေအနေတွေ ခံစားနေခဲ့ရရင် ဖုံးကွယ်ငြင်းဆန်နေဖို့ မလိုသလို နားလည် တတ်ကျွမ်းသူထံမှ အကူအညီ ရယူတာဟာလည်း ရှက်စရာမဟုတ်ပါကြောင်းဆွေးနွေးပေးထားပါတယ်။

  49. 18

    Emotional Support Series 14/24 (အကြောက်တရားနှင့် စိတ်ကျန်းမာရေး)

    စိတ်ကို မကျန်းမာစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ "အကြောက်တရားနှင့် စိတ်ကျန်းမာရေး" အကြောင်းနားထောင်နိုင်ပါတယ်။ အကြောက်တရားက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လို ထိခိုက်စေနိုင်သလဲ၊ ခန့်မှန်းမရတဲ့ ဘဝအခြေအနေတွေမှာ လူတွေဟာ အကြောက်တရားကြောင့်နေ့စဥ် စိုးရိမ်ပူပန်စွာနဲ့ ရှင်သန်နေကြရတယ်။ ဒီလိုအခြေအနေတွေကြောင့် စိတ်မကျန်းမာနေခဲ့ရင် ဖုံးကွယ်ငြင်းဆန်နေဖို့ မလိုသလို ရှက်စရာလည်းမဟုတ်ကြောင်းဆွေးနွေးပေးထားပါတယ်။

  50. 17

    Emotional Support Series 13/24

    ဘိုးဘိုးဘွားဘွားများနှင့် စိတ်ကျန်းမာရေး ဘဝရဲ့နေဝင်ချိန်ကိုရောက်ရှိနေကြပြီ တဘဝစာ ခန္ဓာရော စိတ်ပါ အစွမ်းကုန်ပင်ပန်းခဲ့ကြပြီး ဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေအတွက်  စိတ်ရော ကိုယ်ပါ အနားယူပြီး ငြိမ်းအေးမှုလေးရရှိသင့်တဲ့အရွယ်ပါ။ ဒီအချိန်မှာ မိသားစုဝင်တွေရဲ့ ကြင်နာမှု၊ ဂရုစိုက်မှု၊ သူတို့အပေါ် နားလည်းပေးတက်မှု တွေကလည်း အလွန်ကိုအရေးကြီးလှပါတယ် စိတ်သွားတိုင်း ကိုယ်မပါတော့တဲ့အခါ အရာရာစိတ်အလိုမကျမှု၊ မိသားစုကိုကူညီပေးချင်လျက်နဲ့မကူညီနိုင်မှုအပေါ် အားနာဝမ်းနည်းမှု၊ မိသားစုအတွက်လူပိုကြီးလားဆိုတဲ့ စိတ်ဓာတ်ကျမှု စတဲ့ စိတ်ခံစားမှုတွေနဲ့ စိတ်ပင်ပန်းမှုတွေရှိနေတက်ကြပါတယ်။ တကယ်တော့ အဘိုးအဘွားဆိုတာ မိသားစုရဲ့တန်ဖိုးထားစရာ ရတနာပါပဲ။ နှစ်တွေအကြာကြီး ဒီသားသမီး ​မြေး တွေအပေါ် ချစ်ခင်မှု လုံခြုံနွေးထွေးမှုတွေပေးခဲ့ဘူးတဲ့ အရိပ်အာဝသကြီးပါ။ ဘိုးဘိုးဘွားဘွားတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာနေမှလည်း ကျန်းမာပျော်ရွှင်သော မိသားစုဘဝရဲ့အနှစ်သာရကိုရရှိခံစားကြရမှာပါ။

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

ကိုယ့်ရဲ့စိတ်ကို အနားပေးရင်း အားပြန်ဖြည့်နိုင်ဖို့ စိတ်ကို အနားရစေတဲ့ လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။ စိတ်အဆင်မပြေမှုအမျိုးမျိုးအတွက် သင့်လျော်ရာလေ့ကျင့်ခန်းကိုရွေးနားထောင်နိုင်ပါတယ်။ စိတ်ရောကိုယ်ပါအေးချမ်းကြပါစေ။

HOSTED BY

Serenity

CATEGORIES

URL copied to clipboard!